Thursday, September 6, 2012

ရွှေည၀ါဆရာတော်၏ အမေရိကန်ပြည် ဓမ္မတရားပွဲစဉ်များ


မိုးမခ ရွာဆော်ကြီး၊ စက်တင်ဘာ ၇၊ ၂၀၁၂
အမြို့မြို့ရှိ ဘုန်းတော်ကြီးကျောင်းများမှာ စုံစမ်းနိုင်ပါပြီ။
ညနေ၆း၀၀မှ၈း၀၀စက်တင်ဘာ ၉ ၊ ၂၀၁၂။ ကိုလံဘတ်မြိအိုဟိုင်းအိုပြည်နယ်
ညနေ၆း၀၀မှ၈း၀၀။ စက်တင်ဘာ ၁၅၊ ၁၆၊ မဂလာရာမကျောင်း၊၀ါရှင်တန်ဒီစီ
ညနေ၆း၀၀မှ၈း၀၀။ စက်တင်ဘာ ၂၂၂၃၊ ဂျပါဟဲမြို့၊  မြောက်ကယ်ရိုလိုင်းနားပြည်နယ်
ညနေ၆း၀၀မှ၉း၀၀စက်တင်ဘာ ၂၉၃၀စီယတ်ထဲမြို့၊၀ါရှင်တယ်ပြည်နယ်
ညနေ၆း၀၀မှ၈း၃၀။ အောက်တိုဘာ ၆၊ ၇၊ ပေါ့လင်းမြို့၊  အိုရီဂွန်းပြည်နယ် 
ညနေ ၆း၀၀ မှ ၈း ၃၀။ အောက်တိုဘာ ၁၄၊ ၁၅၊ အယ်လ်အေမြို၊ ကယ်လီဖိုးနီးယားပြည်နယ်။
ညနေ ၆း ၀၀ မှ ၈း ၃၀။ အောက်တိုဘာ ၂၀၊ ၂၁၊ အမာရိယိုမြို့၊ တကဆက်ပြည်နယ်      

Wednesday, August 29, 2012

ရွှေည၀ါဆရာတော်ဦးပညာသီဟ၏ စက်တင်ဘာလတရားပွဲစဉ်များ


မိုးမခအထောက်တော် ၀၀၂၊ သြဂုတ် ၂၉ ၊ ၂၀၁၂
စက်တင်ဘာ ၁၊ နယူးယောက်မြို့တော်၊ ၀င်းရွှေဝါခန်းမ၊ ၇၃ လမ်း၊ Woodside , NYC. ညနေ ၆ နာရီမှ ၉  နာရီ
စက်တင်ဘာ ၂၊ နယူးယောက်ပြည်နယ်၊ အယ်ဘနီမြို့၊ ဓမ္မ၀ါဒီအောင်မြေမင်္ဂလာကျောင်း၊ ညနေ ၆ နာရီမှ ၉  နာရီအထိ
စက်တင်ဘာ ၈၊ အင်ဒီယာနာပြည်နယ်၊ ဖို့ဝိန်းမြို့၊ ဇေတ၀န်ကျောင်း၊ နေ့ခင်း ၁ နာရီမှ ၃ နာရီ အထိ
စက်တင်ဘာ ၉ ၊ အင်ဒီယာနာပြည်နယ်၊ ဖို့ဝိန်းမြို့၊ သုခကံသာကျောင်းသစ်တက်ပွဲ၊ နေ့ခင်း ၁ နာရီ ၊
ရွှေည၀ါဆရာတော်နှင့် ဒယ်အိုးဆရာတော်တို့ ၂ပါး၏ တရားပွဲ
စက်တင်ဘာ ၁၅၊ ၀ါရှင်တန်ဒီစီ၊ မင်္ဂလာရာမကျောင်းတိုက်၊ ညနေ ၅ နာရီ မှ ၈ နာရီ အထိ
ဖြစ်ကြောင်း အသီးသီးထုတ်ပြန်ထားပါတယ်။

Monday, August 27, 2012

နယူးယောက်ပြည်နယ်၊ ယူတီကာမြို့ ရွှေည၀ါဆရာတော်တရားပွဲ သန္တိသူခကျောင်းတွင် ကျင်းပ


မိုးမခဓာတ်ပုံသတင်း၊ မြင့်မိုရ်ဦး၊ သြဂုတ် ၂၇၊ ၂၀၁၂
အမေရိကန်ပြည်ထောင်စုမှာ ဓမ္မခရီးစဉ်လှည့်လည်နေတဲ့ ရွှေည၀ါဆရာတော် ဦးပညာသီဟရဲ့ တရားပွဲတပွဲကို နယူးယောက်ပြည်နယ်၊ ယူတိကာပြည်၊ သန္တိသုခကျောင်းတိုက်မှာ သြဂုတ် ၂၆ ညနေခင်းက အောင်မြင်စွာ ကျင်းပခဲ့ပါတယ်။ တရားခေါင်းစဉ်ကတော့ “ငါးပါးမမှောက်စေနဲ့” ဖြစ်တယ်လို့ ကျောင်းထိုင်ဆရာတော် ဦးပညာနန္ဒက မိုးမခကို ပြောကြားပါတယ်။

Saturday, August 25, 2012

နယူးယောက်ပြည်နယ်၊ ဘတ်ဖဲလိုးမြို့ ရွှေည၀ါဆရာတော် တရားပွဲ အောင်မြင်စည်ကား


မိုးမခဓာတ်ပုံသတင်း၊ လောအယ်စိုး၊ သြဂုတ် ၂၆၊ ၂၀၁၂
မြန်မာပြည်က အမေရိကန်ပြည်ထောင်စုကို ဓမ္မခရီးစဉ်အဖြစ် ကြွရောက်လာတဲ့ ရွှေည၀ါဆရတော် ဦးပညာသီဟရဲ့ အမေရိကန်ပြည်အရှေ့ခြမ်း ပထမဦးဆုံး တရားပွဲအဖြစ် နယူးယောက်ပြည်နယ်၊ ဘတ်ဖဲလိုးမြို့မှာ ယမန်နေ့က ကျင်းပဖြစ်ခဲ့ပါတယ်။

ဒေသခံ ဗုဒ္ဓဘာသာဝင်မြန်မာမိသားစုများ အားလုံး စုပေါင်းကျင်းပကြတဲ့ ပထမဦးဆုံးသော တရားပွဲ ဓမ္မသဘင်ဖြစ်တယ်လို့ ဇေယျသီရကျောင်းက ဆရာတော် ဦးခေမိန္ဒာစာရက မိုးမခကို ပြောကြားပါတယ်။ ဟောကြားတဲ့ တရားခေါင်းစဉ်က ဘုရားဟောတဲ့ညီညွတ်ရေး တရားလို့ ဆိုပါတယ်။ ဆရာတော်ကို မြန်မာတိုင်းရင်းသားကွန်မြူနီတီက ထီးဖြူမိုး ပြီး လှည့်လည်ကြိုဆိုကြတာကို ကြည်နူးဝမ်းမြောက်ဖွယ်တွေ့ရပါတယ်။ 
ဆရာတော် သာဓုကျောင်းတိုက်မှ ဖယ်ရှားခံပြီးနောက် မှော်ဘီမှာ ပြောင်းရွှေ့သီတင်းသုံးနေတဲ့ မှော်ဘီစာသင်ကျောင်းတိုက်ကြီး ဖြစ်မြောက်ရေးအတွက် တိုင်းရင်းသားတွေက လှူဒါန်းကြတာကိုလည်း တွေ့ရပါတယ်။ 

Friday, August 24, 2012

ရွှေည၀ါဆရာတော်၏ ဒေလီစီးတီးတရားပွဲ ရုပ်သံမှတ်တမ်း (19th August 2012)

မိုးမခရုပ်သံ၊ ဓာတ်ပုံ ကိုကျော်နိုင်၊ သြဂုတ် ၂၅၊ ၂၀၁၂
ကြည်ရှုနိုင်ပါပြီ။

Saturday, August 18, 2012

ရွှေည၀ါတရားပွဲ နယူးယောက်ပြည်နယ်၊ ဘတ်ဖဲလိုးနဲ့ ယူတီကာမှာ ကျင်းပမည်

မိုးမခရွာဆော်ကြီး၊ သြဂုတ် ၁၉ ၊ ၂၀၁၂
ဇူလိုင် လကုန်ပတ်မှာ အမေရိကန်ပြည်ထောင်စုကို ဓမ္မခရီးစဉ်ရောက်ရှိနေတဲ့ ရွှေည၀ါဆရာတော် ဦးပညာသီဟရဲ့ တရားပွဲခရီးစဉ်တွေ အနက် အမေရိကန်ပြည်ထောင်စု အရှေ့ခြမ်းပြည်နယ်တွေကို ကြွရောက်မယ့်အထဲက နယူးယောက်ပြည်နယ်က မြန်မာတိုင်းရင်းသားများ ပြောင်းရွှေ့နေထိုင်ရာ ဘတ်ဖဲလိုးမြို့နဲ့ ယူတီကာမြို့နယ် ဘုန်းတော်ကြီးကျောင်းများမှာ တရားပွဲများ ကျင်းပဖြစ်မယ် ဆိုပါတယ်။
အစီအစဉ်များကို အောက်ပါအတိုင်း ထွက်ရှိလာတာကို တွေ့ရပါတယ်။
ဘတ်ဖဲလိုးမြို့၊ သြဂုတ် ၂၅၊ ညနေ ၆ နာရီ တရားပွဲ
ဆက်သွယ်ရန်လိပ်စာ
      ကိုမြင့်ထွေး    (၇၁၆)၃၅၉ ၄၁၅၆

      ကိုလှစိုး         (၇၁၆)၄၄၆ ၆၄၂၆
      ကိုသန်းစိုး      (၇၁၆)၅၁၀ ၁၆၀၈


ယူတီကာမြို့၊ သြဂုတ် ၂၆၊ ညနေ ၆ နာရီ တရားပွဲ
ဆက်သွယ်ရန်လိပ်စာ
            အရှင်ပညာနန္ဒ၊ (၃၁၅)၇၃၂-၅၆၃၆(၃၁၅)၂၇၂-၅၄၆၇