Showing posts with label In the News. Show all posts
Showing posts with label In the News. Show all posts

Saturday, January 12, 2013

ပြည်တွင်းပြည်ပအလှူရှင်များကို ရွှေည၀ါဆရာတော်က အသိအမှတ်ပြုစကားပြောကြား


ပြည်တွင်းပြည်ပအလှူရှင်များကို ရွှေည၀ါဆရာတော်က အသိအမှတ်ပြုစကားပြောကြား
မိုးမခအထောက်တော် ၀၀၂၊ ဇန်န၀ါရီ ၁၂၊ ၂၀၁၃
လက်ပံတောင်းတောင်အကြမ်းဖက်နှိမ်နင်းမှုကြောင့် မီးလောင်ဒဏ်ရာရရှိသူ ရဟန်းသံဃာတော်များ ဆေးကုသနိုင်ရေး တယောက်တလက်ဝိုင်းဝန်းလှူဒါန်းကြသော ပြည်တွင်း ပြည်ပရှိ မြန်မာမိသားစုများ၊ အလှူရှင်များကို အသိအမှတ်ပြုကြောင်း၊ သာဓုအနုမော် ခေါ်ကြောင်း ရွှေည၀ါဆရာတော်က မိန့်ကြားလိုက်သည်။
ဇန်န၀ါရီလဆန်းပိုင်းက ထိုင်းနိုင်ငံအတွင်း တရားအလှူများပြုလုပ်ပြီး န၀ါကမ္မလက်ခံရရှိသည်တို့ကို လက်ပံတောင်းတောင် မီးလောင်သံဃာတော်များအတွက် ဆေးကုသစရိတ်အဖြစ် အလှူပြုလုပ်ခဲ့ပြီး မှော်ဘီရှိ ရွှေည၀ါတောရကျောင်းတိုက်သို့ ပြန်လည်ရောက်ရှိခဲ့သည့် ရွှေည၀ါဆရာတော် ဦးပညာသီဟက အမေရိကန်ပြည်ထောင်စု၊ ကနေဒါပြည်တို့က ဆရာတော်များ၊ မြန်မာမိသားစုများ စုဆောင်းလှူဒါန်းကြသော ဆေးကုသရေးအလှူငွေများကို ရန်ကုန်ဆေးရုံကြီးရှိ မီးလောင်သံဃာတော်များထံ ကိုယ်တိုင်သွားရောက် လှူဒါန်းခဲ့သည်။ ဆရာတော်နှင့်အတူ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့က ကိုမင်းဇေယျာလည်း အတူလိုက်ပါပြီး ၎င်းတို့မှတဆင့် လှူဒါန်းငွေများကို သွားရောက်လှူဒါန်းမှု ပြုခဲ့ကြသည်ဟု ဆိုသည်။
ဘန်ကောက်မြို့သို့ လာရောက်ဆေးကုသနေသည့် သံဃာတော်တို့အတွက် တရားအလှူငွေများဖြစ်သည့် ထိုင်းဘတ်ငွေ ၃ သိန်းကို လှူဒါန်းနိုင်ခဲ့သည်ဟု ဆရာတော်က မိန့်ကြားသည်။ အမေရိကန်ပြည် တက္ကဆပ်၊ အမာရီလိုမြို့၊ ဇေယျသုခကျောင်းတိုက်၊ ဆရာတော် ဦးနန္ဒ၀ံသနှင့် မြန်မာမိသားစုများ၏ စုပေါင်းအလှူငွေ ဒေါ်လာ ၁၅၀၀ကို လှူဒါန်းနိုင်ခဲ့ကြောင်း၊ ကနေဒါနှင့် အခြားပြည်နယ်များက ပေးပို့လှူဒါန်းငွေများကိုလည်း ထပ်ဆင့်လှူဒါန်းမည် ဖြစ်ကြောင်း၊ မြန်မာပြည်က ရွှေ့ပြောင်းဒုက္ခသည်များ အများအပြားနေထိုင်သည့် အင်ဒီယာနာပြည်၊ ဖို့ဝိန်း၊ ဇေတ၀ံကျောင်းတိုက်၊ ဆရာတော် ဦးကုသလ (ဦးဇင်းအောင်ကျော်လှိုင်) မှတဆင့် အလှူငွေများကိုလည်း ဆက်လက်လှူဒါန်းပေးမည်ဖြစ်ကြောင်း ဆရာတော်က ပြောကြားသည်။
လက်ရှိအခြေအနေတွင် ဆေးရုံတက်ကုသခွင့်ရရှိနေသည့် သံဃာတော်များမှာ သက်သာမှု တိုးတက်မှုများ ရှိနေသည်ဟု သိရှိရသည်။ ထိုနည်းတူ သီတဂူဆရာတော် ဦးဥာဏိသရ  လမ်းညွှန်မှုဖြင့် သီတဂူသာသနာပြုအဖွဲ့ကလည်း စစ်ကိုင်းတောင်ရိုး သီတဂူဆေးရုံတွင် ပြုစုစောင့်ရှောက်မှု အခြေအနေကိုလည်း အောက်ပါအတိုင်း ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

“ … ဇန်န၀ါရီလ (၆) ရက်ညဥ့် ဦးယံကပင် သီတဂူအာယူဒါန ဆေးရုံတော်ပေါ်၌ ဂိလာန (၅၇) ဦးတို့အား ဆေးရုံတော်ပေါ်တင် ထားပြီးဖြစ်သည်။ ဇန်န၀ါရီလ (၇) ရက်နေ့၌ (၃၆) ဦး ထပ်မံ ရောက်ရှိလာသည်။ ဇန်န၀ါရီလ (၉) ရက်နေ့၌ (၂၃) ဦးထပ်မံ၍ ရောက်ရှိလာသည်။ သို့ဖြစ်ခြင်း ကြောင့် မီးလောင်ဒဏ်ရာရ ဂိလာ နပေါင်း (၁၁၆) ဦးရောက်ရှိလာ ခဲ့သည်။ ထိုဂိလာနေ (၁၁၆) ဦး ထဲတွင် ရဟန်းတော် (၃၃) ပါး၊ သာမဏေ (၆၈) ပါး၊ အမျိုးသား (၆) ဦး၊ အမျိုးသမီး (၉) ဦးအသီး သီးရှိကြသည်။
အထက်ဖော်ပြပါ ဂိလာနတို့ တွင် အနာကို စစ်ဆေး၍ စားဆေး၊ သောက်ဆေးပေးကာ တစ်ညအိပ်၊ နှစ်ညအိမ်ဖြင့် ဆေးရုံဆင်းခွင့်ပြု လိုက်သော လူနာပေါင်းမှာ (၉၃) ဦးရှိပါသည်။ ခွဲစိပ်ခန်းသို့ဝင်၍ အင်္ဂလန်မှာ ခွဲစိပ်အထူးကုဆရာဝန် ကြီးကိုယ်တိုင်ခွဲစိပ်ကုသ၍ အရေြုပားလဲပေးလိုက်ရသော ဂိလာန သံဃာတော်များမှာ ရဟန်းတော် (၃) ပါး၊ သာမဏေ (၄) ပါး စုစုပေါင်း (၇) ပါးဖြစ်ပါသည်။
သီတဂူဆရာတော်၏ ထိုအစီအစဉ်ကို ကျန်းမာရေးဝန်ကြီး ဌာနဒုတိယကျန်းမာရေးဝန်ကြီး ဒေါက်တာသိန်းသိန်းဌေး၊ ခွဲစပ် အထူးကုဆရာဝန်ကြီးဒေါက်တာ ဦးတင်ကြိုင်၊ ဒေါက်တာလှဘုန်း၊ ဒေါက်တာထွန်းထွန်းသန်း၊ ဒေါက် တာဦးချစ်ကိုကို၊ ဒေါက်တာ ခင်အုန်းဟန်၊ ဒေါက်တာမြတ်လေးနွယ်၊ ဒေါက်တာကြူကြူလွင်၊ စစ်ကိုင်း၊ မန္တလေးတိုင်းကျန်းမာရေး ဦးစီးဆရာဝန်ကြီးများ၊ ဆေးရုံအုပ် ကြီးခေါင်းဆောင်သော သီတဂူ အာယုဒါနဆေးရုံတော်ဆရာဝန် များအဖွဲ့နှင့် ရန်ကုန်၊ မန္တလေး၊ မုံရွာတို့မှ ဆရာဝန်များသက်ဆိုင် ရာပုဂ်္ဂိုလ်များက လာရောက်ကြည့် ရှုကြပ်မတ်ကူညီကုသပေးခဲ့ကြ သည်။
သီတဂူစန်းလပမာ ချမ်းမြသာ ယာရှိကြပါစေ။
သီတဂူဆရာတော် …”

လက်ရှိအခြေအနေတွင် အများပြည်သူတို့နှင့် ဆရာတော် သံဃာတော်ကြီးများ၏ ၀ိုင်းဝန်းအားထုတ်မှုများဖြင့် ထိခိုက်ဒဏ်ရာရသံဃာတော်များကို ပြုစုစောင့်ရှောက်မှုများ ဆောင်ရွက်နိုင်ခြင်းဖြစ်သည်မှာ ထင်ရှားလှသည်ဟု ရွှေည၀ါဆရာတော်က မှတ်ချက်ပေးသည်။ ထိုင်းနိုင်ငံသို့ ဆေးကုသရန် စီစဉ်သည့်အခါကလည်း အကန့်အသတ် အတားအဆီးများ ဖြတ်သန်းခဲ့ရကြောင်း၊ ဆရာတော်များ၊ ဒေါ်အောင်ဆန်းစုကြည်၊ အန်အယ်ဒီပါတီ၊ ၈၈ မျိုးဆက်ကျောင်းသားများနှင့် အတိုက်အခံအဖွဲ့အစည်းများ တိုက်တွန်း နှိုးဆော်မှုများကြောင့်သာ နိုင်ငံတော်က အားပေးမှုများ ထောက်ပံ့မှုများ ဖြစ်ပေါ်လာရသည်ဟု ဆိုနိုင်ကြောင်း နှင့် အိန္ဒိယပြည်က သံဃာတော်တို့အတွက် ကျန်းမာရေးအကူအညီများလည်း ရရှိမည်ဟု ဆိုကြောင်း ဆရာတော်က မိန့်ကြားသည်။
တိုင်းပြည်တွင် ပြည်သူအများအကြား၊ လူထုလူတန်းစားများအကြား ၀ိဝါဒကွဲစရာ၊ အငြင်းပွားစရာ၊ စည်းလုံးညီညွတ်မှုများ အားနည်းစရာ အရေးအခင်းများ၊ သွေးထိုးလှုံဆော်မှုများ ရှိနေသည်ကို သတိကြီးစွာ ထားပြီး ရင်ဆိုင်ရမည် ဖြစ်ကြောင်း၊ တိုင်းပြည်အရေး နိုင်ငံအရေးကို အားလုံးက ချစ်ခင်ညီညွတ်စွာ ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ သံသယများဖြင့် မခြားစေလိုကြောင်း၊ အမျိုးသားရေး လှုပ်ရှားနေသူ အတွင်းလူများအားလုံးမှာ ချစ်ခင် စည်းရုံး နားလည်မှုများ ရှိပြီးဖြစ်ပါကြောင်း၊ အချို့အပြင်ကလူတွေ ထင်မြင်ယူဆ ပြောဆိုနေသို အမျိုးမျိုး အဖုံဖုံဖြစ်နေသည်၊ သီးခြားဆီဖြစ်နေကြသည်ဆိုတာမျိုးကို အမှန်တကယ် စုံစမ်းမေးမြန်း စိစစ်ကြစေလိုကြောင်း ရွှေည၀ါဆရာတော်က သဘောထားပြောကြားလိုက်သည်။

Sunday, December 23, 2012

လက်ပံတောင်းတောင် ထိခိုက်ဒဏ်ရာရ ရဟန်းရှင်လူများအတွက် ရွှေည၀ါဆရာတော် ဆက်လက်နှိုးဆော်


လက်ပံတောင်းတောင် ထိခိုက်ဒဏ်ရာရ ရဟန်းရှင်လူများအတွက် ရွှေည၀ါဆရာတော် ဆက်လက်နှိုးဆော်
မိုးမခအထောက်တော် ၀၀၂၊ ဒီဇင်ဘာ ၂၄၊ ၂၀၁၂
အစိုးရက နိုဝင်ဘာ ၂၉ ၊ လက်ပံတောင်းတောင် သပိတ်စခန်းကို အကြမ်းဖက်ဖြိုခွဲရာမှာ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ သံဃာတော်များကို တိုက်ရိုက်ဝန်ချတောင်းပန်ခဲ့ခြင်းကြောင့် အဆိုပါအကြမ်းဖက်မှုတွင် အစိုးရမှာ တာဝန်ရှိကြောင်း ၀န်ခံပြီးဖြစ်သည့်အတွက် ထိုအကြမ်းဖက်မှုများတွင် ထိခိုက်ဒဏ်ရာရသူ ရဟန်းရှင်လူများ လုံးဝ သက်သာပျောက်ကင်းအောင်အထိ အပြည့်အ၀ တာဝန်ယူ ကုသမှု၊ ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ပေးရန် လက်ရှိတွင်ပင် အရေးတကြီး လိုအပ်နေသည်ဟု ရွှေည၀ါဆရာတော်က မိုးမခသို့ မိန့်ကြားသည်။
ထိုအရေးအခင်းနှင့် ပတ်သက်ပြီး မြန်မာပြည်အနှံ့ ဆန္ဒထုတ်ဖော်သူများကို ဖမ်းဆီးခြင်း၊ ကန့်သတ်ခြင်း၊ တရားစွဲဆိုခြင်းများ ပြုလုပ်နေခြင်းတို့ကို ရပ်ဆိုင်းသင့်ပြီး၊ ကိုယ်ထိလက်ရောက် အကြမ်းဖက်မှု ကျူးလွန်သော၊ အမိန့်ပေးစေခိုင်းသော လုံခြုံရေးအဖွဲ့များ၊ တာဝန်ခံများကို ယခုချက်ခြင်းပင် တာဝန်မှ ဆိုင်းငံ့ခြင်း၊ ရပ်ဆိုင်းခြင်း ပြုလုပ်သင့်ကြောင်း၊ သို့မှသာ ဒေသခံပြည်သူတို့အတွက် လုံခြုံ အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှု အကာအကွယ်ရမည် ဖြစ်ကြောင်း ၎င်း၏ သဘောထားကို ပြောကြားသည်။
စုံစမ်းရေးကော်မရှင်က တရားဥပဒေနှင့်အညီ၊ ခေတ်နှင့် စနစ်နှင့်အညီ စုံစမ်းစစ်ဆေးဖော်ထုတ်မှုများ ပြုလုပ်နေစဉ်အချိန်အတွင်း နိုင်ငံတော်က လက်ရှိအကြမ်းဖက်မှုနှင့် ပတ်သက်ပြီး အစိုးရတရပ်အနေဖြင့် ၎င်းလုပ်ပိုင်ခွင့် အာဏာစက်အတွင်းမှ တိုက်ရိုက် ထိခိုက်ဒဏ်ရာရသူများ၊ တိုက်ရိုက် ကျုးလွန်သူများအပေါ် တာဝန်ယူမှု အရေးယူဆောင်ရွက်မှုကို ပြသရမည်ဖြစ်သည်ဟု မိန့်ကြားသည်။
ယခုရက်ပိုင်းအတွင်း လက်ခံရရှိသော ကူညီမှုအလှူများအနက် ရွှေည၀ါဆရာတော်ထံ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းတွင် ဒဏ်ရာပြင်းထန်စွာ ရရှိသော သံဃာတော်များအား Australia နိုင်ငံမှ ဒကာ ၊ ဒကာမများ ထောက်ပံ့လှုဒါန်းသော အလှုတော်ငွေ စာရင်း မှာ အောက်ပါ အတိုင်း ဖြစ်ပါသည် ။
1: Sayadaw Dr Dhammacara Au$ 100.00
2: U Thaung Shwe and Daw Khin Aye Au$ 200.00
3: Ko Kyaw Hlaing and Ma Aye Aye Myaing Au$ 330.00 (Au$30.00 transfer fee)
Total Au$ 630.00
Thai Baht 18,528.00 (တစ်သောင်းရှစ်ထောင်ငါးရာ နှစ်ဆယ်ရှစ် ဘတ် လက်ခံရရှိပါသည်
နတ်လူ သာဓု ခေါ်စေသောဝ်
ဒဏ်ရာရ သံဃာတော်များ အတွက် ဆက်သွယ်လှုဒါန်းလိုပါက အောက်ပါ ဘဏ် အကောင့် ကို ထည့်သွင်းလှုဒါန်းနိုင်ပါသည် ။
Bank Name : BANGKOK BANK
City Name : BANGKOK
Branch Name : HOSPITAL
Swift Code : BKKBTHBK.
Account Name : MR somkid seengan
Account No. 8767013801
ရွှေည၀ါ ဆရာတော်ကြီး ဖုန်းနံပါတ် : +66(0)905494281
Facebook :ven suriya
Facebook : Kha Kha Tun
Skype : vensuriya09
Skype : shwen.yawar

Friday, December 21, 2012

လက်ပံတောင်းတောင် ထိခိုက်သံဃာများအတွက် အများပြည်သူ၏ အလှူများ လက်ခံရရှိကြောင်း


လက်ပံတောင်းတောင် ထိခိုက်သံဃာများအတွက် အများပြည်သူ၏ အလှူများ လက်ခံရရှိကြောင်း ရွှေည၀ါဆရာတော် ပြောကြား
မိုးမခ၊ ဒီဇင်ဘာ ၂၂၊ ၂၀၁၂
ထိုင်းနိုင်ငံသို့ ဒီဇင်ဘာ လဆန်းက ရောက်ရှိနေပြီး၊ တရားပွဲများတွင် လက်ပံတောင်းတောင် အကြမ်းဖက်မှုမှ ထိခိုက်ဒဏ်ရာရ လူနာများ၊ သံဃာတော်များအတွက် စောင့်ရှောက်ကူညီမှု ရရှိရေး ဆော်သြနေသည့် ရွှေည၀ါဆရာတော် ဦးပညာသီဟက အများပြည်သူတို့ထံမှ အလှူငွေများ လက်ခံရရှိကြောင်း၊ ကူညီလှူဒါန်းမှုများ ပြုလုပ်နေကြောင်း မိုးမခသို့ ပြောကြားသည်။
ယမန်နေ့က ဘန်ကောက်ဆေးရုံကြီးသို့ ၈၈ ကျောင်းသားခေါင်းဆောင် (ဦး)ကိုကိုကြီးအား လိုက်လံပို့ဆောင်ပေးပြီး ဆေးရုံတက်ကုသမှုခံယူနေသော သံဃာတော် ဦတိက္ခဥာဏကို သတင်းသွားရောက် မေးမြန်းခဲ့ကြသည်။ ဆေးရုံစ တက်စဉ်က နိုင်ငံတော်က ဘတ် ၁ သန်း ဆေးရုံကြီးသို့ ပေးပို့ခဲ့ကြောင်း အတည်ပြု ပြောကြားသည်။ ထိခိုက်ဒဏ်ရရ သံဃာတော်များ၊ လူနာများအားလုံးကို လုံလောက် ပြည့်စုံသော ဆေးဝါး ကုသမှု၊ ပြုစု စောင့်ရှောက်မှု လိုအပ်လျက်ရှိကြောင်း၊ မြန်မာပြည်တွင်းက တချို့ပုဂ္ဂိုလ်များ ထုတ်ပြန်သလို အဆင်ပြော ချောမွေ့နေသည်၊ သက်သာနေသည်ဆိုသည်ကို ဟုတ်မဟုတ် ကိုယ်တိုင် လာရောက် စုံစမ်း ကြည့်ရှုကြရန် လိုအပ်ကြောင်း ဆရာတော်က ဖြေကြားသည်။
ယခင် ရက်များက လက်ခံရရှိသော ကျန်းမာရေးစောင့်ရှောက်မှု အလှူငွေများကို ဆရာတော်၏ အဖွဲ့က အောက်ပါအတိုင်းထုတ်ပြန်ပေးသည်ကို တွေ့ရသည်။
ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့ ၊ ဘန်ကောက်ဆေးရုံကြီး၌ (13.12.12)နေ့  ကြေးနီစီမံကိန်း လက်ပံတောင်းတောင်၌ ဒဏ်ရာပြင်းထန်စွာ ရရှိသော ဦးတိက္ခဥာဏ အား ရွှေည၀ါ ဆရာတော်ဘုရားမှ ပထမအကြိမ် ဘတ်ငွေ (50000) ငါးသောင်း (13.12.12) နှင့် ဒုတိယအကြိမ် ဘတ်ငွေ (50000) ငါးသောင်း ( 19.12.12) တို့ကို ဆေးကုသရာ၌ အထောက်အပံ့ အတွက် လှုဒါန်းခဲ့ပါသည် ။
ရွှေည၀ါ ဆရာတော်လှုဒါန်းနိုင်ရန်အတွက် အထောက်အပံ့ ပြုသော ထိုင်းနိုင်ငံ နေရာ အသီးသီးမှ တရားပွဲ (ဓမ္မပူဇာ) အလှုရှင်များ ဆရာတော်ထံ ကိုယ်တိုင် လာလှုသော အလှုရှင်များ စာရင်းမှာ ---------
၁ ။ စမူပကန်ခရိုင် ၊ ပါနန်းမြို့ ၊ စဖန်ပါ မြန်မာ မိသားစု တရားပွဲမှ အလှုရှင်များ (4.12.12) ။
၂ ။ ဖေ့ကစင် (41) လမ်း (CPC) စက်ရုံ မြန်မာ မိသားစု တရားပွဲမှ အလှုရှင်များ (9.12.12) ။
၃။ မဲဆောက်မြို့  ဈေးသူ/ဈေးသားများ ဦးစီး၍ ကျောင်းကြီးတိုက် တရားပွဲမှ အလှုရှင်များ (14.12.12) ။
၎ ။ ချင်းမိုင်မြို့  စေတနာ နာရေးကူညီမှု့ အသင်း ဦးစီးသော မြန်မာ မိသားစု ၀ပ်ဆိုင်မွန်ကျောင်း တရားပွဲမှ အလှုရှင်များ (16.12.12)
၅။ ထိုင်းနိုင်ငံရောက် မြန်မာသူငယ်ချင်းများအဖွဲ့ မှ ဘတ်ငွေ (11000) တစ်သောင်း တစ်ထောင် ။(18.12.12)။
၆။ နော်ဝေနိုင်ငံ အလှုရှင် တစ်ဦးမှ မစောလဲ့နန္ဒာ(DVB) အား ကိုယ်စား လှုဒါန်းငွေ (6500) ခြောက်ထောင့် ငါးရာ (19.12.12) ။
၇။ မဟာချိုင်မြို့ ၊ ၀ပ်ကန်ဖ ၊ ဦးစိုးပိုင် နှင့် ကိုကျော်ရဲအောင် ဦးစီးသော ရှင်ဖူးစက်ရုံ မြန်မာမိသားစု မှ ဘတ်ငွေ (10700) တစ်သောင်း ခုနှစ်ရာ (5.12.12) ။
၈။ ကိုဝင်းကို နှင့် ဇနီး မခက်ခက်ဦး မှ ဘတ်ငွေ (4000)လေးထောင် (5.12.12) ။
၉။ ကိုသန်းထွဋ် ၊ မဥမ္မာလင်း ၊သား ပြည့်ဝန်းသိမ်း မိသားစု မှ ဘတ်ငွေ (2000) နှစ်ထောင် ။(5.12.12) ။
၁၀။ ကိုလွင်မိုးမြင့် ၊ မမေမေကျော် ၊ သမီး ခင်ကျော်ဇော ၊ ခင်ကျော့ရှင်း မိသားစု ဘတ် (2000) နှစ်ထောင် ။ (5.12.12)။
၁၁။ ကိုအောင်ကျော်၊ မသီရိထက်စံ(ခ) မသူဇာ(DVB) မှ ဘတ် (2000)
နှစ်ထောင် ။ (5.12.12) ။
၁၂။ ကိုမျိုးနိုင် ဘန်ကောက်မှ ဘတ် (1000) တစ်ထောင်ဘတ် ။
ရွှေည၀ါ ဆရာတော်သည် ပြည်ပ၌ ဆေးကုသနေသော ဆရာတော် ဦးတိက္ခဥာဏ အား ထောက်ပံ့ရုံသာ မကဘဲ ဒဏ်ရာ အပြင်းအထန် ရရှိ၍ မန္တလေး - မုံရွာ ဆေးရုံ တို့ မှ ရွှေ့ပြောင်းကာ ရန်ကုန် ဆေးရုံကြီး၌ ဆေးကုသနေသော သံဃာ (၄)ပါး အတွက် တစ်ပါးလျှင် (၁)သိန်း ကျပ်နှုန်းဖြင့် (၄)သိန်း တိတိကို (19.12.12) နေ့  စမ်းချောင်း ကိုကိုကြီး မှ တဆင့် လှုဒါန်းကြောင်း ကြားသိရပါသည် ။
ဆရာတော်အား တိုက်ရိုက်ဆက်သွယ်နိုင်သည့် လိပ်စာမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
အလှူရှင်များသိစေရန်။
ကြေနီတောင်၌ ဒဏ်ရာရသော သံဃာတော်များ လှူဒါန်းအတွက် ရွှေည၀ါဆရာတော်၏ ဘဏ်နံပါတ်နှင့် အကောင့်နံပါတ်ဖြစ်ပါသည်။ 
ဆရာတော်သည် ၂၀၁၂ ခု ဒီဇင်္ဘာလအကုန်အထိထိုင်းနိုင်ငံ၌် သီတင်းသုံးနေထိုင်ပါမည်။ 
ထိုင်းနိုင်ငံ၌ ဆရာတော်ကိုင်ဆောင်သော ဖုန်းမှာ +66 905494281   ဖြစ်ပါသည်။

Bank or Institution    City          BranchName         Swift Code
BANGKOK BANK... BANGKOK...HOSPITAL....      BKKBTHBK.
NAME                                         ACCOUNT
MR.SOMKID SEENGAN..        8767013801....

Monday, October 29, 2012

ကနေဒါနိုင်ငံမှာ ရွှေညဝါဆရာတော်ရဲ့ တရားပွဲများ ထပ်မံတိုး


ကနေဒါနိုင်ငံမှာ ရွှေညဝါဆရာတော်ရဲ့ တရားပွဲများ ထပ်မံတိုး
ကျော်ဟုန်း ၊ ၂၉ အောက်တိုဘာ
ရွှေညဝါဆရာတော် အရှင်ပညာသီဟ ဟာ ကနေဒါနိုင်ငံမှာ ရက်သတ္တပတ်ကြာ ဗီဇာရခဲ့ပါတယ်။ ထိုရရှိတဲ့ တပတ်အတွင်းမှာပဲ ကနေဒါနိုင်ငံအတွင်းမှာရှိတဲ့ ဗန်ကူးဗား ဘီစီ၊ တိုရန်တို၊ ကယ်ဂရိ၊ စက်စကာတွန်း မြို့ များမှ ဗုဒ္ဓဘာသာဝင်သူတော်စင် မြန်မာ ပြည်သားများက ဆရာတော်ကို တရားဟောရန် ပင့်လျှောက်လာကြပါတယ်။
ထိုပင့်လျှောက်ချက်အရ ဆရာတော်ဟာ ပထမဆုံးတရားပွဲကို(နိုဝင်ဘာ၊၃၊၂၀၁၂) ညနေ(၆-၁၀)နာရီထိ ဗန်ကူးဗားမှာတရား ဟောမှာဖြစ်ပါတယ်။ ထိုတရားပွဲအပြီး (နိုဝင်ဘာ - ၃)ရက်၊ ည ၁၁း၃၀ မှာ လေယာဉ်ဖြင့် တိုရန်တိုသို့  ကြွချီမှာဖြစ်ပါတယ်။  (နိုဝင်ဘာ-၄)ရက်မှာ တိုရန်တိုတွင် ဒုတိယမြောက် တရားပွဲ ကျင်းပမှာဖြစ်ကြောင်း သိရပါတယ်။
နောက် (၅)ရက် ကြာမျှ တိုရန်တိုမြို့ မှာ သီတင်းသုံးနေထိုင်အပြီး (နိုဝင်ဘာ-၁၀-၂၀၁၂)တွင် ကယ်ဂရိမြို့ မှာ တတိယမြောက် တရားပွဲကျင်းပမှာဖြစ်ပါတယ်။ စတုတ္ထမြောက်တရားပွဲကို (နိုဝင်ဘာ-၁၁ -၂၀၁၂) မှာ စက်စကာတွန်းမြို့ တွင်ကျင်းပမှာဖြစ်ပြီး ဒီတရားပွဲဟာ ကနေဒါမှာ နောက်ဆုံးတရားပွဲဖြစ်ပါတယ်။ ဗန်ကူးဗား ဘီစီသို့  နိုဝင်ဘာ ၁၂-ရက်နေ့ ပြန်လည်ရောက်  ရှိလာ မယ်လို့  သိရပါတယ်။ နောက်နေ့  (နိုဝင်ဘာ -၁၃- ၂၀၁၂)မှာ ထိုင်းနိုင်ငံသို့    ကြွချီတော့မှာဖြစ်ကြောင်း ဗန်ကူးဗား - ဗုဒ္ဓရံသီ ကျောင်းထိုင်ဆရာတော် အရှင် ဂေါသကနဲ့ ကိုတင်နွယ်တို့ က အကြောင်းကြားလာပါတယ်။
(Shwe Nya War Sayadaw Dhamma Pwe Seen at Fremont, SF Bay, 28th Oct 2012)
ရွှေညဝါဆရာတော်ဟာ ပြည်ပတရားပွဲများကျင်းပနေရခြင်းမှာ ပြည်တွင်းမှာ တရားဟောခွင့်ပိတ်ပင်ထားခြင်းခံရသောကြောင့် ဖြစ်ပါတယ်။ ယခင် သတင်းသုံးနေထိုင်ခဲ့တဲ့ ရန်ကုန်မြို့ ၊ ကြည့်မြင်တိုင်၊ နတ်စင်လမ်းက ရန်ကုန်ဗုဒ္ဓတက္ကသိုလ်ကျောင်းတော် တွင်း  သီတင်းသုံးခြင်းနဲ့ သင်တန်းပို့ ချခြင်းများကိုလဲ အာဏာပိုင်တွေက ပိတ်ပင်ခဲ့ပါတယ်။ အကြောင်းကတော့ ဆရာတော် ဟာ ဗုဒ္ဓဘာသာနဲ့ မသက်ဆိုင်တဲ့ အသုံးအနှုံးများထည့်သွင်းဟောပြောမှု၊ တရားဟောပိတ်ပင်ကာလအတွင်း မန်းဒီချုပ်ရုံးဖွင့် ပွဲတွင် သြဝါဒပေးခြင်းကို တရားဟောသည်ဟု ရိုးစွတ်ကာ နေထိုင်ရာ ဗုဒ္ဓတက္ကသိုလ်မှ အပြီးဖယ်ရှားပေးခဲ့ရတာကြောင့် ယခု ရန်ကုန်မြို့ စွန် မှော်ဘီမှာ ဝါးတဲငယ်လေးနဲ့  သီတင်းသုံးနေရပါတယ်။
ဆရာတော်ဟာ ထေရဝါဒသာသနာတည်တံ့ပြန့် ပွားရေးအတွက် ယနေ့ ချိန်ထိ ရဟန်းသိက္ခာပုဒ်မပျက် ကျင့်ကြံနေထိုင်ရင်း တပြည့်ပေါင်း (၁၀၀၀)ကျော်ကို စာဝါချပေးခဲ့သူ သံဃာမြတ်တပါးဖြစ်ပါတယ်။ ဒါ့အပြင် မနက်တိုင်း  တပြည့်များနှင့် ဆွမ်းခံ ကြွပြီး  ပိုလျှံသမျှ စားသောက်ဖွယ်ရာများကို  နေ့ စဉ် အလှည့်ကျ မရှိဆင်းရဲသူများရပ်ကွက်များသို့ လည်းကောင်း၊  မိဘမဲ့ ဂေဟာများသို့ လည်းကောင်း စွန့် ကြဲဒါနပြုခဲ့တဲ့ ဆရာတော်လဲဖြစ်ပါတယ်။  ယခုတိုင်လဲ မိမိပျိုးထောင်ခဲ့တဲ့ ဗုဒ္ဓတက္ကသိုလ် စာသင်သားတပြည့်များအတွက် ငွေကြေး၊ပစ္စည်း(၄)ပါးအတွက် ထောက်ပံ့စွန့် ကြဲဒါနပြုနေဆဲဖြစ်ပါတယ်။ လက်ရှိ သီတင်း သုံးရာ မှော်ဘီဝါးတဲကျောင်းကိုလဲ စာဝါချနိုင်သည့် ကျောင်းတော်ကြီးဖြစ်ရန် ရည်သန်ထားကြောင်း သိရပါတယ်။
ထို့ အတွက်ကြောင့် ဆရာတော်နဲ့ ကြုံကြိုက်ခွင့်၊ တရားနားခွင့်ရခိုက်မှာ သာသနာ့ဒါယကာ၊ ကျောင်းဒါယကာ၊ဒါယိကာမများ ဖြစ်ခွင့်ရနိုင်တဲ့အတွက် မိမိတို့ တတ်နိုင်သမျှ လှူဒါန်းနိုင်ရန် မိုးမခသတင်းမီယာမှ  နိဗ္ဗာန်အကျိုးမျှော်ကာ  ဆော်သြလိုက်ပါ  ရတယ်။     ။


Monday, October 22, 2012

ကနေဒါနိုင်ငံမှာ ရွှေညဝါဆရာတော်ရဲ့ တရားပွဲ ကျင်းပရန် စီစဉ်နေ


ကနေဒါနိုင်ငံမှာ ရွှေညဝါဆရာတော်ရဲ့ တရားပွဲ ကျင်းပရန် စီစဉ်နေ
ကျော်ဟုန်း၊ အောက်တိုဘာ - ၂၂ -၂၀၁၂
အရှင်ပညာသီဟ-ရွှေညဝါဆရာတော်ဟာ အမေရိကန်အတွင်း ဓမ္မဒါန၊ ဓမ္မပူဇာ တရားပွဲများ ကျင်းပလာခဲ့တာ ခုဆိုရင် မြို့တော်တော်စုံလင်သွားပါပြီ ။ အမေရိကန်တွင်း  တရားပွဲများ ဟောကြားပြီးနောက်မှာ ကနေဒါနိုင်ငံကို  ဆက်လက်ကြွချီပြီး တရားပွဲများ ကျင်းပပေးဦးမှာဖြစ်ပါတယ်။
ကနေဒါနိုင်ငံအတွက် ပထမဆုံးတရားပွဲတော်ကို 5175,Dumfries street, Vancouver မှာရှိတဲ့ Kensington Community Center ရဲ့   အဆောက်အဦတွင်းမှာ  ဟောပြောမှာဖြစ်ပါတယ်။  ဒီတရားပွဲဖြစ်မြောက်ဖို့ ကို (စက်တင်ဘာ-၂၉ ) ကတည်းက  ဝါရှင်တန်ပြည်နယ်မှာ ရွှေညဝါဆရာတော် တရားလာဟောစဉ်  ပင့်လျှောက်တင်စီစဉ်ခဲ့တာဖြစ်ပါတယ်။  စီစဉ်သူများကတော့  ကနေဒါနိုင်ငံရှိ  ဗုဒ္ဓရံသီဘုန်းကြီးကျောင်းမှ ဂေါပကများဖြစ်ကြတဲ့ ကိုစိန်ထွန်း၊ ကိုတင်နွယ်နဲ့  ကိုကိုလေးတို့ ဖြစ်ပါတယ်။
ရွှေညဝါဆရာတော်ဟာ နိုဝင်ဘာ (၁)ရက်တွင် ကနေဒါကို ရောက်ရှိမှာဖြစ်ပြီး ဗုဒ္ဓရံသီကျောင်းမှာ ရက်သတ္တပတ်ကြာ သီတင်းသုံးနေထိုင်မယ်လို့ သိရပါတယ်။  နိုဝင်ဘာ-၃- ၂၀၁၂ စနေနေ့ ညနေ (၆)နာရီကနေ (၁၀)ထိ တရားဟောမည်ဖြစ်ကြောင်းကို သက်ဆိုင်ရာ စီစဉ်သူတို့ က ဗန်ကူးဗား ဘီစီရှိ မြန်မာနိုင်ငံသား ဓမ္မမိတ်ဆွေများထံ ဖိတ်စာပို့ ထားတယ်ဟုဆိုပါတယ်။
ရွှေညဝါဆရာတော်ဟာ နိုဝင်ဘာ(၁၀)ရက်မှာ ဗန်ကူးဗားမှတဆင့် တိုရန်တိုသို့ လဲ ဆက်လက်ကြွချီပြီး တရားသဘင်ကျင်းပ  ရန် ရှိသေးကြောင်း သိရပါတယ်။  ရွှေညဝါဆရာတော်ရဲ့ ကနေဒါနိုင်ငံ တရားပွဲများနဲ့ ပတ်သက်ပြီး အသေးစိတ် သိလိုပါလျှင် ကိုတင်နွယ် ( + 1 – 604 – 817 – 1693 ) သို့  စုံစမ်းနိုင်ကြောင်း သိရပါတယ်။
ရွှေညဝါဆရာတော်ဟာ ရန်ကုန်မြို့ ၊ ကြည်မြင်တိုင်၊ နတ်စင်လမ်းမှာရှိတဲ့ ဗုဒ္ဓတက္ကသိုလ် ကျောင်းတော်ကြီးကို တည်ထောင်ခဲ့သူ ဖြစ်ပါတယ်။   နှစ်ပေါင်း (၂၀)ကြာ  တစတစ ကြီးထွားလာအောင် တည်ဆောက်ခဲ့ပြီး  နှစ်စဉ် သံဃာတော်များ၊ သီလရှင်များပါ
စာဝါ ပို့ ချပေးခဲ့ပါတယ်။  ထေရဝါဒသာသနာ  တည်တံ့စည်ပင်ရေးအတွက် တပည့်ပေါင်း (၁၀၀၀) ကျော် နှစ်စဉ် မွေးထုတ်ကာ သာသနာပြုခဲ့တဲ့ ဆရာတော်ဖြစ်ပါတယ်။
၂၀၁၁ မှ ၂၀၁၂ အထိ တရားဟော ပိတ်ပင်ခံခဲ့ရတဲ့ ဆရာတော်ဟာ မန္တလေး အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်ရုံးဖွင့်ပွဲမှာ မိနစ် (၄၀)ခန့်  သြဝါဒပေးမိခြင်းအပေါ် အစိုးရပိုင်းမှ ငြိုငြင်ခြင်းခံခဲ့ရပါတယ်။ တရားဟောခွင့် ပိတ်ထားခြင်းကို   ဆန့်ကျင်သည်ဟု ဆိုကာ  ဗုဒ္ဓတက္ကသိုလ်မှ ဖယ်ရှားခံခဲ့ရပြီးနောက် ယခု မှော်ဘီတွင် ဝါးတဲဆောက်ကာ သီတင်းသုံးနေထိုင်နေရပါတယ်။
ပြည်တွင်း ပြည်ပရှိ  ဒါယကာ၊ ဒါယိကာမများက မှော်ဘီကျောင်းဆောင်သစ် အမြန်ဆုံး ဆောက်တည်နိုင်ရေးအတွက် ရွှေညဝါဆရာတော်ရဲ့တရားပွဲများမှာတရားနာယူရင်း လှူဒါန်းဒါန ပြုနိုင်ကြောင်းကို အကျိုးတော်ဆောင်များက ဆော်သြထားကြောင်းလဲ သိရပါတယ်။

Saturday, October 20, 2012

Interview with Sayadaw by Ashin Pyinnyar Nanda


အညတရအကျဉ်းသားရဟန်းတော်များ(၂၆) ရွှေည၀ါဆရာတော်အရှင်ပညာသီဟ
အရှင်ပညာနန္ဒ၊ အောက်တိုဘာ ၂၁၊ ၂၀၁၂
သံဃာအပါး ၉၀၀ ကျော်ရှိတဲ့ ရန်ကုန်တိုင်း ကြည့်မြင်တိုင် သာဓုပရိယတ္တိ စာသင်တိုက်ကြီးရဲ့ တိုက်ကြပ်ဆရာတော်ဖြစ်ပြီး  ‘ရန်ကုန်ဗုဒ္ဓတက္ကသိုလ်ကြီး’ ၏ ပဓာနတာဝန်ခံ အကျိုးတော်ဆောင်ချုပ်  ရွှေညဝါ ဆရာတော် အရှင်ပညာသီဟကို၂၀၁၂ခုနှစ် သြဂုတ်လ၂၆ရက်နေ့က၊ နယူးယောက်ပြည်နယ်၊ ယူတီကာမြို့က မိမိကျောင်းတရားဟောကြွလာမှ ရင်းရင်းနှီးနှီးတွေ့ဆုံဘူးတာပါ။
ယခင်အင်ဗျူးတွေကိုနားထောင်ရစဉ်အခါက အသံမာပြီး ပြတ်ပြတ်သားသားပြောတတ်အတွက် ခက်ထန်မာကြောမယ်လို့ထင်ခဲ့မိတာ လူခြင်းဆုံမှမိမိအထင်အမြင်လွှဲမှားကြောင်းသိရပါတော့တယ်။ စကားပြောပွင့်လင်းသူ၊ ဖော်ရွေပြီး စိတ်သဘောထားနူးညံ့ပျောင်းပြောင်းသူ၊ တရားဟောရင် စိတ်စေတနာပါပါနဲ့ ဇွဲကောင်းကောင်းဖြင့်ဟောလေ့ရှိသူဖြစ်ကြောင်းအနီးကပ်နေကြည့်မှသိရပါတယ်။
 ၀ါသနာတူ စိတ်တူဖြစ်လို့ပိုပြီးရင်နှီးခင်မင်သွားသလို ဆရာတော် ပြည်တွင်းမှာ ဖြစ်ပျက်ခဲ့တာတွေ ကိုလည်း အကြောင်းစုံသိရပါတော့တယ်။
ဆရာတော်ဟာ ၂၀၁၁ ခုနှစ် ဖေဖ၀ါရီလ (၁၁) ရက်ကနေ ၂၀၁၂ ဖေဖ်ာဝါရီလ(၁၀) ရက်နေ့အထိ မြန်မာပြည်တပြည်လုံး တရားဟောခွင့်ပိတ်ပင်ခံထားရတာဖြစ်ပေမဲ့ ဟိုးလေးတကြော် မဖြစ်ခဲ့ဘဲ မန္တလေးတိုင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ သြ၀ါဒစကားပြောကြားခဲ့မှ ဟိုးလေးတကြော်ဖြစ်ပြီး တရားဟောခွင့် ပိတ်ပင်ထားတာကို မလိုက်နာတဲ့အတွက်ဆိုပြီး နိုင်ငံတော်သံဃမဟာနာယက ဆရာတော်များက ကျောင်းတိုက်က ဖယ်ရှားဖို့နဲ့  ဒုဗစပုဂ္ဂိုလ်အဖြစ် ဆုံးဖြတ်ခဲ့ကြပါတယ်။ ကျောင်းတိုက်က ဖယ်ရှားဖို့ သံဃမဟာနာယက ဆရာတော်များက တကယ်ဆုံးဖြတ်ခဲ့လေသလား ဆိုတာကတော့ သံသယဖြစ်စရာတွေ အများကြီးရှိပါတယ်။

NLD (မန္တလေး) မှာ သြ၀ါဒစကားပြောလို့ …
“တပည့်တော်ကို စွဲချက်တင်တဲ့ NLD ရဲ့ မန္တလေးရုံးချုပ်မှာ သြ၀ါဒစကားပြောတဲ့ကိစ္စ။ အစကတည်းကိုက သြဝါဒ စကားပြောတာပါလို့ ပြောထားတာပါ။သေသေချာချာ နားထောင်ကြည့်ရင် ဘယ်သူ့ကို စော်ကားသလဲ၊ နိုင်ငံတော်အကြီးအကဲကို စော်ကားသလား၊ မဟာနာယက ဆရာတော်ကြီးတွေကို စော်ကားသလား။ မဟာနာယက ဆရာတော်ကြီးတွေရဲ့ နောက်က ရှိနေတဲ့ အရိပ်လို ပုဂ္ဂိုလ်တွေကို စော်ကားသလား။ တပည့်တော်ရဲ့လုပ်ရပ်က တိုင်းပြည်ကို ပျက်စီးစေသလား၊ တိုင်းပြည်ကို တိုးတက်စေသလား၊ တိုင်းပြည်ကို ဆုတ်ယုတ်စေသလား။ နိုင်ငံသူ နိုင်ငံသားနဲ့ တိုင်းပြည်ကို တပည့်တော်လုပ်နေတာတွေက ဆုတ်ယုတ်ပျက်စီး စေလို့လား။ စဉ်းစားကြဖို့ တော့ကောင်းတာပေါ့။ …”
“ အဓိကတရားပွဲပိတ်တဲ့အကြောင်းကတော့ သဘောထားခံယူချက်ခြင်း အယူအဆခြင်း ကွဲလွဲလို့ မတူ ညီလို့ မတိုက်ဆိုင်လို့ပါပဲ။ တပည့်တော်က တပည့်သံဃာပေါင်း ထောင်ချီပြီး အုပ်ချုပ်တဲ့ဆရာဆိုတော့ စကားပြောရင် မာတယ်၊ ထန် တယ်၊ ပြီးတော့ တည်ကြည်တယ်၊ မှန်ကန်တယ်။  မာမာထန်ထန် ရှိတယ်။ တပည့်တော်ရဲ့ပုံရိပ်ကလည်းပဲ အများကို အုပ်ချုပ်နေရတဲ့ အမြဲတမ်း အုပ်ချုပ်သူ ခေါင်းဆောင်တပါး အနေနဲ့ မျက်နှာကနည်းနည်းတော့ တင်းမာတယ်။ ဒါကတော့  ဘ၀ပုံရိပ်အရ သရုပ်ဆောင်ထားရတဲ့ အနေအထား။ စိတ်ဖိအားတွေ အမြဲတမ်းရှိတဲ့အခါမှာ နှလုံးသားကနူးညံ့ပေမယ့်  ရုပ်ရည်နဲ့ ဟန်ပန်အမူအရာက တင်းမာတဲ့သဘောမျိုးရှိတယ်။ တရားဟောရင်လည်း အဲဒီလို မာမာထန်ထန် ဟောတတ် ပြော တတ်တဲ့ သဘာဝရှိတယ်။ ပုထုဇဉ် သဘာဝအလျောက် အမှားပါနိုင်တယ်ဆိုတာကိုတော့ ရိုးသားစွာဝန်ခံနိုင်ပါတယ်။ ကိုယ် မှန်တယ်ထင်လို့ ပြောတာက တဖက်ကျတော့ အမှားဖြစ်ရင်လည်း ဖြစ်နိုင်မှာပေါ့။ ဘာလွန်လို့လဲ ဆိုရင်တော့လည်း တပည့်တော်ဘက်က မလွန်ပါဘူးလို့ပဲ ဖြေမှာပါ …”
“ လိုရင်းအချုပ်ကတော့ ပထမအကြီမ် တရားပွဲပိတ်တုန်းကတော့ ရွှေညဝါဆရာတော်သည် ဗုဒ္ဓဘာသာနှင့်  မသက်ဆိုင်သော အသုံးအနှုန်းများကို တရားပွဲများအတွင်း ထည့်သွင်း ဟောပြောသည်ဆိုတဲ့အကြောင်းပြချက်နဲ့ ၂ဝ၁ဝ ဖေဖေါ်ဝါရီလကစပြီး တရားဟောခွင့် တနှစ်ပိတ်ခဲ့တာ၊ ၂ဝ၁ဝ စက်တင်ဘာလကျတော့ မန္တလေးတိုင်း NLD ရုံး မှာတရားဟောတယ်လို့ စွဲချက်တင်ပြီး ကျောင်းတိုက်က ဖယ်ရှားဖို့နဲ့ ကျောင်းတိုက်တွင်း မည်သည့်သင်တန်းမှ မပြုလုပ်လုပ်ရဆိုပြီး မဟနကနေ ဒီဇင်ဘာလ ၁၂ ရက်နေ့က စာပို့ခဲ့တာပါ …”
လို့ ဒေါသသံမစွက်ဘဲ အေးအေးဆေးဆေးရှင်းပြပါတယ်။
ဆရာတော်ကြုံတွေ့ခဲ့ရတဲ့ဖြစ်ရပ်တွေဟာ စိတ်ဓာတ်ကြံ့ခိုင်မှုသာမရှိရင် စိတ် ဖောက်ပြန် သွားနိုင်ပါတယ်။ နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့ရတဲ့ တိုက်တာအဆောက်အဦးတွေ တပည့်တပန်းတွေနဲ့ ခင်မင်ရင်းနှီးတဲ့ တပည့်ဒကာ ဒကာမတွေကိုစွန့်ခွာသွားနိုင်ဖို့ဆိုတာ အပြော လွယ်သလောက် အတော်မလွယ်ကူတဲ့ကိစ္စပါ။

ဒုဗစပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံရခြင်း
“ဟုတ်တယ် တပည့်တော်ကိုဒုဗစပုဂ္ဂိုလ်တဲ့။တပည့်တော်ကို ခေါ်ဆုံးမလို့ အချိန်မရွေး ရတာပါပဲ။ တပည့်တော်က လူမိုက်၊ ဘုန်းကြီးမိုက်မှ မဟုတ်တာ။သာသနာအတွက် လောကအတွက် အကျိုးပြုနေတဲ့ လုပ်ငန်းတွေကို ကိုယ်ကျိုးမဖက်ဘဲ စွန့်လွှတ်ပြီးတော့ အများကြီး ထုနဲ့ထေးနဲ့ နှစ်ပေါင်းများစွာဆောင်ရွက် လာတဲ့ ခေါင်းဆောင်တပါးဆိုတာကို နည်းနည်းလေး ထည့်ပြီးတော့ စဉ်းစားဖို့လိုမယ်။ …”
“ကိုယ့်ထက် အသက်၊ သိက္ခာ၊ သီလ၊ သမာဓိ၊ ပညာ ပြည့်စုံတဲ့ ဆရာတော် သက်တော်ရှည်တွေ၊ တပည့်တော်တို့ ထေရ၀ါဒ ထုံးတမ်း စဉ်လာအရဆိုရင် တပည့်တော်ဘက်က ဘာမှ စိတ်ပြစ်မှားမှု နှုတ်ပြစ်မှားမှု တခုမှမရှိပါဘူး။ တပည့်တော်တို့ သာသနာမှာ တပည့်တော်တို့မှ မစည်းလုံးရင် တပည့်တော်တို့ လူမျိုးပျောက်၊ ဘာသာပျောက်၊ သာသနာ ပျောက်သွားမှာကို အစိုးရိမ်ဆုံးပဲ။ …”
“တပည့်တော်က ဒီလိုအသနားခံစာ တင်ပြီးတော့ သာသနာတော်မှာရှိတဲ့ ဆရာတော်ကြီးတွေနဲ့ တပည့်သံဃာတွေအားလုံး တစိတ်တ၀မ်းတည်း ညီညွတ်စေချင်တဲ့ ဆန္ဒအရင်းခံ အမှန်ရှိပါတယ်။ ရှိတဲ့အတိုင်းလည်းပဲ ထေရ၀ါဒထုံးစံအတိုင်း တပည့်တော်က ၀န်ချတောင်းပန်ဖို့လုပ်တယ်။ မှားတယ် မှန်တယ်ဆိုတာကို ဘာမှ မပြောလိုတော့ဘူး။ ၀န်ချတောင်းပန်ဖို့ကိစ္စကို ဆောင်ရွက်ခဲ့တယ်။ ကိုယ့်နိုင်ငံကို သိပ်ချစ် တယ်။ ချစ်တဲ့အတွက် ကိုယ့်လူမျိုး ကိုယ့်နိုင်ငံ ကိုယ့်ဘာသာ သာသနာ ပျက်စီးအောင် ဘယ်တော့မှမလုပ်ဘူး ”
လို့ရှင်းပြပါတယ်။

လက်မှတ်ပေါင်း ၁ သောင်း ၂ ထောင်နဲ့ အသနားခံစာ ပယ်ချခံရ
ဆရာတော်ဟာ ထေရ၀ါဒထုံးစံနဲ့အညီ ကျောင်းတိုက်မှာ ဆက်လက်သီးသုံးခွင့်ပြုဘို့နဲ့ သာသနာရေးကိစ္စများ ဆက်လက်ဆောင်ရွက်ခွင့်ပြုရန် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ရဟန်းတော်များ၊ ဒကာ ဒကာများစုပေါင်းပြီး လက်မှတ်ပေါင်း ၁၂၀၀၀ ထိုးပြီး အသနားခံစာတင်ပြခဲ့ပေမဲ့ သံဃမဟာနာယက ဆရာတော်များရဲ့ ပယ်ချခြင်းခံခဲ့ ရပါတယ်။
“ ဒီကိစ္စ၊ ဒီဇယားတွေက ဘယ်လိုဆိုတာ တပည့်တော်နားလည်ပါတယ်။ မဟာနာယက ဆရာတော်ကြီးတွေအပေါ်မှာ ကိုယ်၏ စိတ်၏၊ ရိုင်းပြ စော်ကားခြင်းနဲ့ ပစ်မှား ရှုတ်ချခြင်း စိုးစဉ်းမျှ မရှိပါဘူး။ ဒါထေရဝါဒ အဆုံးအမပဲ။ ဒီအဆုံးအမအတိုင်း နေခဲ့တာပဲ။ ဒီအသနားခံစာတင်တဲ့ ကိစ္စမှာ ဘာများအပြစ်ရှိလို့လဲ။ အပြစ်ရှိတောင်မှ သားဆိုးသမီးဆိုးတွေကို မိဘတွေက အကြိမ်အကြိမ်အခါခါ ဆုံးမရတာပဲ။ တပည့်တော်တို့က ဥပဒေ ချိုးဖေါက်တာလည်း မဟုတ်ဘူး။ တိုင်းပြည်ပုန်ကန်တာလည်း မဟုတ်ဘူး။ ရာဇဝတ်သားလည်း မဟုတ်ဘူး။ ဒါကို ဘာဖြစ်လို့များ အငြိုးအတေးကြီးကြီးနဲ့ တစိုက်မတ်မတ်ကြီး တပည့်တော်ကို ပစ်မှတ်ထားပြီးတော့ အလုံးစုံပျက်သုဉ်းရေးကို ဘာဖြစ်လို့ ရှေ့ရှုတာလဲ။ ဒါက သံသယဖြစ်စရာလေ။ တစုံတခု လွဲနေပြီနဲ့တူတယ်။ ဆရာတော် ဘုရားကြီးတွေလည်း သုံးသပ် ဆင်ခြင်သင့်ပါတယ်။ ဒါဟာ “နောက်ကအရိပ်တွေများ” တော်တော်များများ ဖိအားပေးနေသလားလို့ တပည့်တော်ဘက်က ပြောင်ပြောင်တင်းတင်းကို ယူဆပါတယ်။ …”
“ကျောင်းတိုက်ကထွက်ခွာပေးဘို့အမိန့်ကြေညာစာမျိုး ထုတ်မယ် ဆိုရင်လည်း ထေရဝါဒ သာသနာတော်အတွက် တကယ်အကျိုးနည်းစရာတွေပါ၊၊ ထေရ်ကြီးဝါကြီး ဆရာတော်တွေနဲ့ ထေရ်ငယ်ဝါငယ် ဆရာတော်တွေကြားထဲမှာ တပည့်တော်ကိုအကြောင်းပြုပြီးအချင်းချင်း မညီမညွတ်နဲ့ ပဋိပက္ခဖြစ်ရတဲ့ အခြေအနေမျိုးတွေကိုတပည့်တော် မလိုလားဘူး။ အမိန့်ကတော့ မနက်ဖြန် ထွက်လာလို့ ထွက်ပေးပါဆိုရင်  ထွက်ပေးလိုက်မယ်။ထေရဝါဒ သာသနာတော်ကြီးအတွက် ဘယ်သူမငဲ့ငဲ့ တပည့်တော်ငဲ့မယ်။ ဘယ်သူ ထည့်မတွက်တွက် တပည့်တော်ထည့်တွက်မယ်လေ။ နောက်ထပ် ရန်ဖြစ်နေအုံးမယ်ဆိုရင် ကိုယ့်အတွက် ဂုဏ်တက်သည်ဖြစ်စေ ဂုဏ်မတက်သည်ဖြစ်စေ  မလုပ်ချင်တော့ဘူးဘုရား။ အဲဒါကြောင့် ကျောင်းတိုက်ကနေ အေးအေးဆေးဆေး ထွက်ခွာခဲ့တာပါ …”
လို့ ပြန်လည်ပြောပြပါတယ်။
ငယ်ရွယ်သူဖြစ်ပေမဲ့ သံဃမဟာနာယကဆရာတော်ကြီးတွေကိုတခွန်းတပါဒမျှ ဆန့်ကျင်ဘက် မလုပ်ဘဲရှေ့နောက် ကျိုးကြောင်း ဆင်ခြင်ပြီး သည်းခံ မေတ္တာထားနိုင်တာကလည်းတကယ့်ကိုချီးကျူးစရာပါ။

ခင်ညွန့်လည်း ကျောင်းလှူခဲ့ဖူးသေး …
မေး။     ။တပည့်တော်ကြားဖူးတာက ဗိုလ်ချုပ်ခင်ညွန့် အာဏာရှိနေတုန်းကလည်း အရှင်ဘုရားကျောင်းတိုက်မှာ ကျောင်းဆောက်လှူဖူးတယ်လို့ ကြားဖူးတယ်။ အဲဒါဟုတ်လားဘုရား …”
 လို့မေးလျောက်ကြည့်မိပါတယ်။
“ ဟုတ်ပါတယ်။ ( - ) ထပ် တိုက် ဆောက်လှူဖူးပါတယ်။ တပည့်တော်က အလှူခံတာမဟုတ်ပါဘူး။ သူတို့က လှူပါရစေ လျောက်လို့ လှူခွင့်ပြုခဲ့တာပါ။ နောက်- ဗိုလ်ချုပ်ခင်ညွန့် အနားပေးခံရတော့ အဲဒီကျောင်းမပြီးလို့ တပည့်တော်ပဲ ပြီးအောင်လုပ်ခဲ့ရပါတယ်။ ဘုန်းကြီးဆိုတာ အလှူခံပုဂ္ဂိုလ်လေ။ စစ်ဘက်ဆိုင်ရာအကြီးအကဲတွေ တပည့်တော်ကျောင်းလာပြီး လှူတဲ့တန်းတဲ့အခါမှာလည်း တပည့်တော် အိမ်ရှင်ပီသစွာနဲ့ ၀တ္တရားကျေအောင် ဧည့်ခံပြီးပျူပျူငှာငှာဆက်ဆံခဲ့တယ်။ အတိုက်အခံဘက်က လာလှူရင်လည်း  လက်ခံပြီးတော့ ပျူပျူငှာငှာ ဆက်ဆံခဲ့တယ်။ ဘုန်းကြီးဆိုတာ ဘက်မလိုက် ရဘူးလေ။ မျှမျှတတ ဆက်ဆံရတယ်။ ဒကာ၊ ဒကာမ ဟာ ဒကာ၊ ဒကာမ ပါပဲ။ အရပ်သားနဲ့စစ်သားဆိုတာ တပည့်တော်တို့ ရင်ထဲမှာ မခွဲခြားပါဘူး။ ဒါဟာ ရိုးရိုးရှင်းရှင်းလေးပါ။ ဒါကို ရှုပ်အောင်တွေးနေတဲ့ လူတွေအတွက်တော့  စိတ်မကောင်းဘူး။ ဒီကနေ့အထိလည်း  စိတ်ထဲမှာ သိမ်ငယ်ပြီးတော့ ဟို ထိတ်လန့်ကြောက်ရွံ့ပြီး တုန်လှုပ်ခြောက်ခြား အိနြေ္ဒပျက်ပြားနေတဲ့ အနေအထားမျိုး နည်းနည်းမှ မခံစားရပါဘူး။ လောကဓံရဲ့ ရိုက်ချက်တခုလို့ပဲ တပည့်တော်သဘောထားပါတယ်။ …”
မေး။     ။ အရှင်ဘုရားဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူတစုက မမှန်သတင်းတွေကို မဟနဆရာတော်တွေဆီ တင်ပြကြယ်လို့လည်း ကြားရတယ်။ မဟနဆရာတော်တွေကလည်း အာဏာပိုင်တွေကြိုးဆွဲရာ 'က'နေကြတယ်လို့ ဝေဖန်သူတွေလည်း အတော်များတယ်ဘုရား။ အရှင်ဘုရား ထင်မြင်ချက်လေးလည်း မိန့်ပါအုံးဘုရား ။
ဖြေ။     ။ အဲဒါကတော့အများသိပြီးဖြစ်ပါလိမ့်မယ်။ စစ်အစိုးရ လက်ထက်တုန်းက ဘယ်လိုလူတွေက လုပ်ခဲ့တယ် ဆိုတာ၊ ပြည်သူလူထုတွေ သံဃာတော်တွေကြားမှာ ဘယ်လိုနှိပ်ကွပ်နေတယ်ဆိုတာကို အရှင်ဘုရားလည်းသိပြီး ဖြစ်ပါလိမ့်မယ်။ အခု ထုတ်မပြောရဲလို့ မပြောတာမဟုတ်ဘူး။ ဘယ်သူတွေဆိုတာ တပည့်တော် သိပါတယ်၊ တပည့်တော်က ပလ္လင်ပေါ်မှာလည်း ပေါ်ပေါ်တင်တင် ပြောခဲ့တာပဲ။ ဘာမှ သွယ်ကာ ဝိုက်ကာ ပြောမနေဘူး။ တည့်ပဲထိုးခဲ့တာပဲ။
ဆရာတော်ဘုရားကြီးတွေ မျက်စိတွေ နားတွေ ဖွင့်ထားပြီးတော့ ကမ္ဘာကို ဖြန့်ကျက်ထားဖို့ လိုအပ်ပါတယ်။ ကမ္ဘာက ဘာတွေပြောနေသလဲဆိုတာ မကြားသိနိုင်တာကတော့ စိတ်မကောင်းပါဘူး။ အင်တာနက်တွေ ကွန်ပျူတာတွေဆိုတာ ဆရာတော်ဘုရားကြီးတွေနဲ့ တော်တော့်ကို စိမ်းပုံရပါတယ်။ ဒီနေ့ အဲဒါတွေကို မသုံးတတ်ဘူး မကိုင်တွယ်ဘူး၊ မဆင်ခြင်ဘူးဆိုရင်တော့၊ မသိဘူးဆိုရင်တော့ သူများကြိုးဆွဲရာ ကရမှာပဲလေ။"
လို့အားမလိုအားမရ ငြီးငြူတော်မူပြီး--
“အရှင်ဘုရားရေ ... ရှေ့လုပ်ငန်းစဉ်တွေ လုပ်ဘို့ အများကြီး ခြေလှမ်းတွေလှမ်းရဦးမှာ။
ကိုယ့်ဘ၀ကိုယ် ပစ်တိုင်းထောင်လို သဘောထားတယ်။ မီးပုံးပျံလိုသဘောထားတယ်။ ကောင်းကင်တက်ဖို့ အတွက် မှိုင်းဒဏ်တော့ ခံနိုင်ရမှာပေါ့ …”
လို့ပြုံးပြုံးရွှင်ရွှင်ပြောဆိုပြီး ရယ်မောနေပါတယ်။
စိတ်ဓာတ်ကျနေတဲ့ ဟန်ပန်အမူအယာမတွေ့ရဘဲ ယုံကြည်မှုအပြည့် အားမာန်အပြည့်နဲ့
သာသနာတော်အတွက် နိုင်ငံအတွက်တကယ်အလုပ်လုပ်မဲ့ဆရာတော်ဖြစ်တယ်ဆိုတာသူ့ရဲ့ မျက်နှာပေါ်မှာ အထင်းသား ပေါ်လွင်နေတာတွေ့ရလို့ အားရကျေနပ်နေမိပါတော့တယ်။

ရင်းမြစ် - ဆရာတော်ပြောပြချက်များ
 မျိုးသန့်(မဇိမ)၊ လင်းသန့်(ဧရာဝတီ) တို့၏အင်တာဗျူးများ

Wednesday, October 3, 2012

ရွှေည၀ါဆရာတော်ဦးပညာသီဟ ဆီယယ်တဲမှာ တရားပွဲကျင်းပ


 ရွှေည၀ါဆရာတော်ဦးပညာသီဟ ဆီယယ်တဲမှာ တရားပွဲကျင်းပ
မိုးမခဓာတ်ပုံသတင်း၊ အောက်တိုဘာ ၃၊ ၂၀၁၂
စက်တင်ဘာ ၂၉  က ဆန်ဖရန်မှ ဆီယယ်တဲ (၀ါရှင်တန်ပြည်နယ်) သို့ ကြွရောက်သော ရွှေည၀ါဆရာတော် ဦးပညာသီဟသည် စက်တင်ဘာ ၃၀ က ဆီယယ်တဲ၊ တိပိဋကကျောင်းတော်မှာ တရားပွဲများ ကျင်းပခဲ့သည်။ ပထမညမှာ မိုက်ကြွေးမိုက်ပြစ်၊ ဒုတိယညမှာ လိမ္မာစမ်းပါ သားရယ် တရားတော်များ ဟောကြားခဲ့သည်။

Sunday, September 9, 2012

Fort Wayne Dhamma Talk - Sept 8th


စက်တင်ဘာ ၈၊ ဖို့ဝိန်းဇေတ၀န်၊ ရွှေည၀ါတရားပွဲမြင်ကွင်း
မိုးမခဓာတ်ပုံသတင်း၊ စက်တင်ဘာ ၉ ၊ ၂၀၁၂
ယမန်နေ့က ကျင်းပတဲ့၊ အင်ဒီယာနာပြည်၊ ဖို့ဝိန်းမြို့၊ ဇေတ၀န်ကျောင်းတော် တရားပွဲမှာ ရွှေည၀ါဆရာတော်ဦးပညာသီဟက “စိန်ခေါ်ခြင်းအသစ်တွေနဲ့ ဒို့ရဲ့ခေတ်” တရားကို ဟောကြားခဲ့ပါတယ်။ ဓမ္မခရီးစဉ်အဖြစ် အမေရိကန်ပြည်ကို ရောက်ရှိနေတဲ့ ဒယ်အိုးဆရာတော် ဥုးသုမင်္ဂလလည်း ကြွရောက်တက်လို့ သိရပါတယ်။ ဂီတပညာရှင် ဒေါ်မာမာအေးလည်း တရားပွဲမှာ တွေ့ရပါတယ်။