Showing posts with label Video Archives. Show all posts
Showing posts with label Video Archives. Show all posts

Monday, October 29, 2012

ရွှေည၀ါဆရာတော်၏ ဆန်ဖရန်ဘေးဧရိယာ နှုတ်ဆက်တရားပွဲ၊ ပြည်ထောင်စုအရေး အဓိကပြော



ရွှေည၀ါဆရာတော်၏ ဆန်ဖရန်ဘေးဧရိယာ နှုတ်ဆက်တရားပွဲ၊ ပြည်ထောင်စုအရေး အဓိကပြော
မိုးမခရုပ်သံ၊ အောက်တိုဘာ ၂၉၊ ၂၀၁၂
အောက်တိုဘာ ၂၈၊ နေ့ခင်းက ဆန်ဖရန်ဘေးဧရိယာ၊ စင်တာဗီးလ်ရိပ်သာမှာ မြန်မာပြည်သို့ ပြန်မကြွမီ ရွှေည၀ါဆရာတော် အရှင်ပညာသီဟ၏ အထူးနှုတ်ဆက်တရားပွဲ ကျင်းပခဲ့ပါတယ်။ ဆရာတော်က ဘုရားရှင်လက်ထက် ၀ိသာခါကျောင်းအမကြီး၏ သာသနာကို ထိန်းသိမ်းကာကွယ်မှုကို ပုံပြဟောပြောပြီး မြန်မာပြည်အရေး၊ ပြည်ထောင်စုပြိုမကွဲရေးကို စိုးရိမ်ကြောင်း အကျယ်တ၀င့် ပြောဆိုသွားသည်ကို တွေ့ရသည်။




ရုပ်သံမှတ်တမ်းကို သည်မှာ ကြည့်နိုင်ပါပြီ။

Sunday, October 28, 2012

ရွှေည၀ါဆရာတော် အရှင်ပညာသီဟက လက်ရှိရခိုင်ပြည်နယ် အရေးအခင်းအပေါ် သဘောထားပြော


ရွှေည၀ါဆရာတော် အရှင်ပညာသီဟက လက်ရှိရခိုင်ပြည်နယ် အရေးအခင်းအပေါ် သဘောထားပြော
မိုးမခရုပ်သံ၊ အောက်တိုဘာ ၂၈၊ ၂၀၁၂
အောက်တိုဘာ ၂၇၊ ညနေခင်းက ဆန်ဖရန်စစ္စကို ဘေးဧရိယာသို့ ရောက်ရှိနေသော ရွှေည၀ါဆရာတော် အရှင်ပညာသီဟက လက်ရှိ ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသော အကြမ်းဖက်မှုများနှင့် ပတ်သက်ပြီး စိုးရိမ်ကြောင့်ကြဖြစ်မိကြောင်း၊ ပြည်ထောင်စုကြီး မပြိုကွဲရေးနှင့် စစ်အာဏာရှင်စနစ်သို့ နောက်ပြန်မလှည့်ရေးအတွက် မိမိသဘောထားကို ထုတ်ဖော်ပြောကြားသည့် ရုပ်သံမှတ်တမ်းကို မိုးမခမီဒီယာက မှတ်တမ်းတင်ရိုက်ကူးပြီး တင်ဆက်လိုက်ပါသည်။

Friday, August 24, 2012

ရွှေည၀ါဆရာတော်၏ ဒေလီစီးတီးတရားပွဲ ရုပ်သံမှတ်တမ်း (19th August 2012)

မိုးမခရုပ်သံ၊ ဓာတ်ပုံ ကိုကျော်နိုင်၊ သြဂုတ် ၂၅၊ ၂၀၁၂
ကြည်ရှုနိုင်ပါပြီ။

Tuesday, August 14, 2012

ရွှေည၀ါဆရာတော် ဖရီးမောင့်တရားပွဲ - လူသာသေ၊ နံမယ်မသေစေနဲ့

မိုးမခရုပ်သံ၊ ကိုကျော်နိုင်၊ သြဂုတ် ၁၅၊ ၂၀၁၂
သြဂုတ်လ ၁၂ ရက်၊ ဆန်ဖရန်ဘေးဧရိယာ၊ ဖရီးမောင့်မြို့၊ စင်တာဗီးလ်ရိပ်သာမှာ မြန်မာပြည်က ခေတ္တကြွရောက်လာတဲ့ ရွှေည၀ါဆရာတော်ဦးပညာသီဟရဲ့ တရားပွဲကို ဧည့်ပရိသတ် ၂၀၀ ကျော်ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သည်။
ဘေးဧရိယာအနောက်ခြမ်း၊ ဆန်ဖရန်နဲ့ ဒေးလီစီးတီးမြို့တော်များက ဓမ္မမိတ်ဆွေများအတွက် ထေရ၀ါဒဓမ္မအသင်း က ဒေးလီစီးတီးရှိ ဆရီမွန်တီအသင်းခန်းမမှာ တရားပွဲကို လာမယ့် သြဂုတ် ၁၉၊ ဆန်းဒေးမှာ ကျင်းပမယ်လို့သိရသည်။
(ဓာတ်ပုံ - ကိုဂျေစင်) (ရုပ်သံ - ကိုကျော်နိုင်)

Thursday, August 9, 2012

ပီနိုး၊ ကေတုမတီဓမ္မာရုံ၊ ၀ါဆိုသင်္ကန်းကပ်လှူပွဲ တရားဟောပြောချက်




ပီနိုး၊ ကေတုမတီဓမ္မာရုံ၊ ၀ါဆိုသင်္ကန်းကပ်လှူပွဲ တရားဟောပြောချက် (သာသနာနဲ့ ဒါယကာ)
မိုးမခရုပ်သံ၊ သြဂုတ် ၅၊ ၂၀၁၂

၈လေးလုံး ၂၄နှစ် ဘားမားဒေး အလံတင်အခမ်းအနား၊ ဘာကလေမြို့၊ ဆန်ဖရန်ဘေးဧရိယာ



၈လေးလုံး ၂၄နှစ် ဘားမားဒေး အလံတင်အခမ်းအနား၊ ဘာကလေမြို့၊ ဆန်ဖရန်ဘေးဧရိယာ
ရွှေည၀ါဆရာတော် တက်ရောက်ပြီး သြ၀ါဒစကားပြောကြား
မိုးမခရုပ်သံ၊ သြဂုတ် ၉ ၊ ၂၀၁၂

Sunday, August 5, 2012

ရွှေည၀ါဆရာတော်၏ ၈၈-၂၄နှစ်ပြည့် ဥက္ကလံမြို့တွင် ဟောကြားသည့် “ ပေဖူးလွှာ” တရား ရုပ်သံ



မိုးမခရုပ်သံ၊ သြဂုတ် ၆၊ ၂၀၁၂         
   သြဂုတ် ၄၊ စနေနနေ့က ဥက္ကလံမြန်မာမိသားစုများ စုဝေးပြုလုပ်တဲ့ ၈၈ အရေးတော်ပုံ ၂၄ နှစ်ပြည့် အထိမ်းအမှတ် ဆွမ်းကျွေးတရားနာ အခမ်းအနားမှာ ရွှေည၀ါဆရာတော်ဘုရား၏ “ပေဖူးလွှာ” တရားဟောပြောချက် အပြည့်အစုံကို ရုပ်သံအဖြစ် တင်ဆက်ပေးလိုက်ပါတယ်။ ကိုကျော်နိုင်ရဲ့ ရိုက်ကူးပေးချက်ဖြစ်ပါတယ်။

Wednesday, August 1, 2012

ဥက္ကလံမြို့၊ ဓမ္မဧရိပ်ကျောင်း၊ ပထမဦးဆုံး အမေရိကန်ပြည်ပွဲဦးထွက် တရားပွဲ - ကိုးကွယ်ရာ မမှားကြစေနဲ့ တရားတော် (ဇူလိုင် ၂၉၊ ၂၀၁၂)



ဥက္ကလံမြို့၊ ဓမ္မဧရိပ်ကျောင်းတွင် ပထမဦးဆုံး အမေရိကန်ပြည်ပွဲဦးထွက် တရားပွဲ (ဇူလိုင် ၂၉၊ ၂၀၁၂)
(ကိုးကွယ်ရာ မမှားကြစေဖို့ တရားတော်)
http://shwenyawa.blogspot.com မှာလည်း တစုတစည်းတည်း တင်ဆက်ထားပါသည်။