Showing posts with label Dhamma Talk. Show all posts
Showing posts with label Dhamma Talk. Show all posts

Monday, December 10, 2012

လက်ပံတောင်းတောင် သံဃာတော်များ ကျန်းမာရေးစောင့်ရှောက်မှုအလှူ - ရွှေည၀ါဆရာတော် တရားပွဲကျင်းပမည်


လက်ပံတောင်းတောင် သံဃာတော်များ ကျန်းမာရေးစောင့်ရှောက်မှုအလှူ - ရွှေည၀ါဆရာတော် တရားပွဲကျင်းပမည်
မိုးမခဓာတ်ပုံသတင်း၊ ဒီဇင်ဘာ ၁၁၊ ၂၀၁၂
လာမည့် ဒီဇင်ဘာ ၁၆၊ တနင်္ဂနွေနေ့၊ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ စေတနာ နာရေးကူညီမှုအသင်း၏ စီစဉ်မှုဖြင့်၊ ၀ပ်ဆိုင်းမွန်း မြန်မာဘုန်းတော်ကြီးကျောင်းတွင် ညနေ ၇ နာရီ ခွဲမှ ၉ နာရီ ခွဲအထိ မြန်မာပြည်က ရွှေည၀ါဆရာတော် တရားဟောမည်ဖြစ်ကြောင်း၊ လက်ပံတောင်းတောင် ဆန္ဒပြပွဲအရေးအခင်းတွင် ထိခိုက်ဒဏ်ရာရသူ ရဟန်းသံဃာတော်များ ဆေးဝါးကုသရန် ရည်ရွယ်ဟောပြောမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

Monday, October 29, 2012

ကနေဒါနိုင်ငံမှာ ရွှေညဝါဆရာတော်ရဲ့ တရားပွဲများ ထပ်မံတိုး


ကနေဒါနိုင်ငံမှာ ရွှေညဝါဆရာတော်ရဲ့ တရားပွဲများ ထပ်မံတိုး
ကျော်ဟုန်း ၊ ၂၉ အောက်တိုဘာ
ရွှေညဝါဆရာတော် အရှင်ပညာသီဟ ဟာ ကနေဒါနိုင်ငံမှာ ရက်သတ္တပတ်ကြာ ဗီဇာရခဲ့ပါတယ်။ ထိုရရှိတဲ့ တပတ်အတွင်းမှာပဲ ကနေဒါနိုင်ငံအတွင်းမှာရှိတဲ့ ဗန်ကူးဗား ဘီစီ၊ တိုရန်တို၊ ကယ်ဂရိ၊ စက်စကာတွန်း မြို့ များမှ ဗုဒ္ဓဘာသာဝင်သူတော်စင် မြန်မာ ပြည်သားများက ဆရာတော်ကို တရားဟောရန် ပင့်လျှောက်လာကြပါတယ်။
ထိုပင့်လျှောက်ချက်အရ ဆရာတော်ဟာ ပထမဆုံးတရားပွဲကို(နိုဝင်ဘာ၊၃၊၂၀၁၂) ညနေ(၆-၁၀)နာရီထိ ဗန်ကူးဗားမှာတရား ဟောမှာဖြစ်ပါတယ်။ ထိုတရားပွဲအပြီး (နိုဝင်ဘာ - ၃)ရက်၊ ည ၁၁း၃၀ မှာ လေယာဉ်ဖြင့် တိုရန်တိုသို့  ကြွချီမှာဖြစ်ပါတယ်။  (နိုဝင်ဘာ-၄)ရက်မှာ တိုရန်တိုတွင် ဒုတိယမြောက် တရားပွဲ ကျင်းပမှာဖြစ်ကြောင်း သိရပါတယ်။
နောက် (၅)ရက် ကြာမျှ တိုရန်တိုမြို့ မှာ သီတင်းသုံးနေထိုင်အပြီး (နိုဝင်ဘာ-၁၀-၂၀၁၂)တွင် ကယ်ဂရိမြို့ မှာ တတိယမြောက် တရားပွဲကျင်းပမှာဖြစ်ပါတယ်။ စတုတ္ထမြောက်တရားပွဲကို (နိုဝင်ဘာ-၁၁ -၂၀၁၂) မှာ စက်စကာတွန်းမြို့ တွင်ကျင်းပမှာဖြစ်ပြီး ဒီတရားပွဲဟာ ကနေဒါမှာ နောက်ဆုံးတရားပွဲဖြစ်ပါတယ်။ ဗန်ကူးဗား ဘီစီသို့  နိုဝင်ဘာ ၁၂-ရက်နေ့ ပြန်လည်ရောက်  ရှိလာ မယ်လို့  သိရပါတယ်။ နောက်နေ့  (နိုဝင်ဘာ -၁၃- ၂၀၁၂)မှာ ထိုင်းနိုင်ငံသို့    ကြွချီတော့မှာဖြစ်ကြောင်း ဗန်ကူးဗား - ဗုဒ္ဓရံသီ ကျောင်းထိုင်ဆရာတော် အရှင် ဂေါသကနဲ့ ကိုတင်နွယ်တို့ က အကြောင်းကြားလာပါတယ်။
(Shwe Nya War Sayadaw Dhamma Pwe Seen at Fremont, SF Bay, 28th Oct 2012)
ရွှေညဝါဆရာတော်ဟာ ပြည်ပတရားပွဲများကျင်းပနေရခြင်းမှာ ပြည်တွင်းမှာ တရားဟောခွင့်ပိတ်ပင်ထားခြင်းခံရသောကြောင့် ဖြစ်ပါတယ်။ ယခင် သတင်းသုံးနေထိုင်ခဲ့တဲ့ ရန်ကုန်မြို့ ၊ ကြည့်မြင်တိုင်၊ နတ်စင်လမ်းက ရန်ကုန်ဗုဒ္ဓတက္ကသိုလ်ကျောင်းတော် တွင်း  သီတင်းသုံးခြင်းနဲ့ သင်တန်းပို့ ချခြင်းများကိုလဲ အာဏာပိုင်တွေက ပိတ်ပင်ခဲ့ပါတယ်။ အကြောင်းကတော့ ဆရာတော် ဟာ ဗုဒ္ဓဘာသာနဲ့ မသက်ဆိုင်တဲ့ အသုံးအနှုံးများထည့်သွင်းဟောပြောမှု၊ တရားဟောပိတ်ပင်ကာလအတွင်း မန်းဒီချုပ်ရုံးဖွင့် ပွဲတွင် သြဝါဒပေးခြင်းကို တရားဟောသည်ဟု ရိုးစွတ်ကာ နေထိုင်ရာ ဗုဒ္ဓတက္ကသိုလ်မှ အပြီးဖယ်ရှားပေးခဲ့ရတာကြောင့် ယခု ရန်ကုန်မြို့ စွန် မှော်ဘီမှာ ဝါးတဲငယ်လေးနဲ့  သီတင်းသုံးနေရပါတယ်။
ဆရာတော်ဟာ ထေရဝါဒသာသနာတည်တံ့ပြန့် ပွားရေးအတွက် ယနေ့ ချိန်ထိ ရဟန်းသိက္ခာပုဒ်မပျက် ကျင့်ကြံနေထိုင်ရင်း တပြည့်ပေါင်း (၁၀၀၀)ကျော်ကို စာဝါချပေးခဲ့သူ သံဃာမြတ်တပါးဖြစ်ပါတယ်။ ဒါ့အပြင် မနက်တိုင်း  တပြည့်များနှင့် ဆွမ်းခံ ကြွပြီး  ပိုလျှံသမျှ စားသောက်ဖွယ်ရာများကို  နေ့ စဉ် အလှည့်ကျ မရှိဆင်းရဲသူများရပ်ကွက်များသို့ လည်းကောင်း၊  မိဘမဲ့ ဂေဟာများသို့ လည်းကောင်း စွန့် ကြဲဒါနပြုခဲ့တဲ့ ဆရာတော်လဲဖြစ်ပါတယ်။  ယခုတိုင်လဲ မိမိပျိုးထောင်ခဲ့တဲ့ ဗုဒ္ဓတက္ကသိုလ် စာသင်သားတပြည့်များအတွက် ငွေကြေး၊ပစ္စည်း(၄)ပါးအတွက် ထောက်ပံ့စွန့် ကြဲဒါနပြုနေဆဲဖြစ်ပါတယ်။ လက်ရှိ သီတင်း သုံးရာ မှော်ဘီဝါးတဲကျောင်းကိုလဲ စာဝါချနိုင်သည့် ကျောင်းတော်ကြီးဖြစ်ရန် ရည်သန်ထားကြောင်း သိရပါတယ်။
ထို့ အတွက်ကြောင့် ဆရာတော်နဲ့ ကြုံကြိုက်ခွင့်၊ တရားနားခွင့်ရခိုက်မှာ သာသနာ့ဒါယကာ၊ ကျောင်းဒါယကာ၊ဒါယိကာမများ ဖြစ်ခွင့်ရနိုင်တဲ့အတွက် မိမိတို့ တတ်နိုင်သမျှ လှူဒါန်းနိုင်ရန် မိုးမခသတင်းမီယာမှ  နိဗ္ဗာန်အကျိုးမျှော်ကာ  ဆော်သြလိုက်ပါ  ရတယ်။     ။


Saturday, October 27, 2012

Fremont Dhamma Talk - Food Donor List


ရွှေည၀ါဆရာတော် အထူးတရားပွဲ ဖရီးမောင့် စင်တာဗီးရိပ်သာ အောက်တိုဘာ ၂၈
မိုးမခရွာဆော်ကြီး၊ အောက်တိုဘာ ၂၇၊ ၂၀၁၂
နက်ဖြန် အောက်တိုဘာ ၂၈၊ ဆန်ဖရန်ဘေးဧရိယာ၊ ဖရီးမောင့်မြို့၊ စင်တာဗီးရိပ်သာမှာ ရွှေည၀ါဆရာတော် အရှင်ပညာသီဟ မြန်မာပြည်ပြန်မကြွမီ အထူးတရားပွဲ ကျင်းပမည် ဖြစ်သည်။ နေ့ခင်း ၂ နာရီမှ ၅ နာရီအထိ ဖြစ်သည်။ တရားပွဲလာရောက်သူ ဓမ္မမိတ်ဆွေများအတွက် အဟာရအလှူရှင်များ၏ စာရင်းကို တင်ဆက်လိုက်ပါသည်။

SF Bay Area Burmese Community Organizers - မုန့်ဟင်းခါး
Ma Dannis - ငါးခြောက်ပေါင်း
ကိုကျော်သူရ၊ မချိုချိုလင်း - မြန်မာမုန့်စုံ
ကိုရန်အောင် မိသားစု - ၀က်သားဒုတ်ထိုး
ကိုမောင်မောင်၊ မနီနီ - တိုးဟူးသုတ်

Friday, October 19, 2012

Shwe Nya War Sayadaw Dhamma Talk - 28th OCT, 2012 - Fremont, SF Bay


အမေရိကန်ဓမ္မခရီးစဉ်အပြီး မြန်မာပြည်ပြန်မကြွမီ နောက်ဆုံးတရားပွဲတော်၊ ရွှေည၀ါဆရာတော် အရှင်ပညာသီဟ တရားပွဲ။ အောက်တိုဘာ ၂၈၊ ဆန်းဒေး၊ ဖရီးမောင့် သို့ ဖိတ်ကြားအပ်ပါသည်
မိုးမခရွာဆော်ကြီး၊ အောက်တိုဘာ ၁၉၊ ၂၀၁၂
အောက်တိုဘာ ၂၈၊ တနင်္ဂနွေနေ့၊ Centerville ကွန်မြူနီတီရိပ်သာ၊ ဖရီးမောင့်မြို့၊ နေ့ခင်း ၂ နာရီ မှ ၅ နာရီ တွင် ကျင်းပမည် ဖြစ်သည်။ မှော်ဘီမြို့တွင် တည်ဆောက်လျက်ရှိသော ဆရာတော်၏ ရွှေည၀ါတောရကျောင်းတိုက်ကို ရည်စူး လှူဒါန်းမှုများ ပြုလုပ်ကြမည် ဖြစ်သည်။
ဆက်သွယ်ရန် - ကိုထွန်းမြတ်ဦး (415) 571-6401, ကိုမိုးကျော် (650) 834-0184, ကိုချိုဦး (510) 552 7973, ကိုကျော်သူရ  (415) 420-1504, ကိုဂျေစင် (510) 402-7779
အစားအသောက် အဟာရဒါန အလှူရှင်များကို ဖိတ်ခေါ်လျက်ရှိပါသည်။


Friday, August 24, 2012

ရွှေည၀ါဆရာတော်၏ ဒေလီစီးတီးတရားပွဲ ရုပ်သံမှတ်တမ်း (19th August 2012)

မိုးမခရုပ်သံ၊ ဓာတ်ပုံ ကိုကျော်နိုင်၊ သြဂုတ် ၂၅၊ ၂၀၁၂
ကြည်ရှုနိုင်ပါပြီ။

Tuesday, August 14, 2012

ရွှေည၀ါဆရာတော် ဖရီးမောင့်တရားပွဲ - လူသာသေ၊ နံမယ်မသေစေနဲ့

မိုးမခရုပ်သံ၊ ကိုကျော်နိုင်၊ သြဂုတ် ၁၅၊ ၂၀၁၂
သြဂုတ်လ ၁၂ ရက်၊ ဆန်ဖရန်ဘေးဧရိယာ၊ ဖရီးမောင့်မြို့၊ စင်တာဗီးလ်ရိပ်သာမှာ မြန်မာပြည်က ခေတ္တကြွရောက်လာတဲ့ ရွှေည၀ါဆရာတော်ဦးပညာသီဟရဲ့ တရားပွဲကို ဧည့်ပရိသတ် ၂၀၀ ကျော်ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သည်။
ဘေးဧရိယာအနောက်ခြမ်း၊ ဆန်ဖရန်နဲ့ ဒေးလီစီးတီးမြို့တော်များက ဓမ္မမိတ်ဆွေများအတွက် ထေရ၀ါဒဓမ္မအသင်း က ဒေးလီစီးတီးရှိ ဆရီမွန်တီအသင်းခန်းမမှာ တရားပွဲကို လာမယ့် သြဂုတ် ၁၉၊ ဆန်းဒေးမှာ ကျင်းပမယ်လို့သိရသည်။
(ဓာတ်ပုံ - ကိုဂျေစင်) (ရုပ်သံ - ကိုကျော်နိုင်)

Thursday, August 9, 2012

ပီနိုး၊ ကေတုမတီဓမ္မာရုံ၊ ၀ါဆိုသင်္ကန်းကပ်လှူပွဲ တရားဟောပြောချက်




ပီနိုး၊ ကေတုမတီဓမ္မာရုံ၊ ၀ါဆိုသင်္ကန်းကပ်လှူပွဲ တရားဟောပြောချက် (သာသနာနဲ့ ဒါယကာ)
မိုးမခရုပ်သံ၊ သြဂုတ် ၅၊ ၂၀၁၂