Tuesday, August 14, 2012

ရွှေည၀ါဆရာတော် ဖရီးမောင့်တရားပွဲ - လူသာသေ၊ နံမယ်မသေစေနဲ့

မိုးမခရုပ်သံ၊ ကိုကျော်နိုင်၊ သြဂုတ် ၁၅၊ ၂၀၁၂
သြဂုတ်လ ၁၂ ရက်၊ ဆန်ဖရန်ဘေးဧရိယာ၊ ဖရီးမောင့်မြို့၊ စင်တာဗီးလ်ရိပ်သာမှာ မြန်မာပြည်က ခေတ္တကြွရောက်လာတဲ့ ရွှေည၀ါဆရာတော်ဦးပညာသီဟရဲ့ တရားပွဲကို ဧည့်ပရိသတ် ၂၀၀ ကျော်ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သည်။
ဘေးဧရိယာအနောက်ခြမ်း၊ ဆန်ဖရန်နဲ့ ဒေးလီစီးတီးမြို့တော်များက ဓမ္မမိတ်ဆွေများအတွက် ထေရ၀ါဒဓမ္မအသင်း က ဒေးလီစီးတီးရှိ ဆရီမွန်တီအသင်းခန်းမမှာ တရားပွဲကို လာမယ့် သြဂုတ် ၁၉၊ ဆန်းဒေးမှာ ကျင်းပမယ်လို့သိရသည်။
(ဓာတ်ပုံ - ကိုဂျေစင်) (ရုပ်သံ - ကိုကျော်နိုင်)

Thursday, August 9, 2012

ရွှေည၀ါဆရာတော်၏ တရားပွဲစဉ်များနှင့် ခရီးစဉ် ထွက်ရှိ

မိုးမခ၊ သြဂုတ် ၁၀၊ ၂၀၁၂
လက်ခံရရှိသော အချက်အလက်များအရ ယခုလဆန်းမှ ဆန်ဖရန်ဘေးဧရိယာသို့ ခရီးကြွချီလာသော ရွှေည၀ါဆရာတော် ဦးပညာသီဟသည် အောက်ပါ ခရီးစဉ်အတိုင်း ပြည်နယ်များသို့ ကြွရောက်ပြီး တရားပွဲများ လက်ခံချီးမြှင့် ပေးမည်ဟု သိရသည်။
  • ၁၂ သြဂုတ် တွင် ဆန်ဖရန်ဘေးဧရိယာ၊ ဖရီးမောင့်မြို့၊ စင်တာဗီးလ် ကွန်မြူနီတီရိပ်သာ
  • ၁၉ သြဂုတ် တွင် ဆန်ဖရန်ဘေးဧရိယာ၊ ဒေလီစီးတီး ထေရ၀ါဒဓမ္မအသင်း (http://tdsusa.blogspot.com/ )
  • ၂၅၊ သြဂုတ် တွင် နယူးယောက်ပြည်နယ်၊ ဘတ်ဖဲလိုးမြို့ ၊ ဆက်သွယ်ရန် - ကိုမင်းနိုင် ၇၁၆ ၅၄၄ ၁၁၇၂
  • ကျင်းပမည့်ရက်--သြဂုတ်လ၊၂၆၊ ၂၀၁၂(တနင်္ဂနွေနေ့)။ ကျင်းပမည့်အချိန်--ညနေ(၆)နာရီ/ ကျင်းပမည့်နေရာ--သန္တိသုခကျောင်းတိုက်။ 1005 Miller St, Utica, NY13501. ဆက်သွယ်ရန်-အရှင်ပညာနန္ဒ (၃၁၅) ၇၃၂-၅၆၃၆(၃၁၅)၂၇၂-၅၄၆၇      

  • ၁၊ ၂ စက်တင်ဘာတွင် နယူးယောက်ပြည်နယ်၊ နယူးယောက်မြို့တော်၊ ဆက်သွယ်ရန် - ကိုရဲထွဋ် ၃၄၇ ၂၂၆ ၀၅၇၂
  • ၈၊ ၉ စက်တင်ဘာတွင် အင်ဒီယာနာပြည်နယ်၊ ဖို့ဝိန်းမြို့၊ ဇေတ၀န်ကျောင်းတိုက်၊ ဆက်သွယ်ရန် ၂၆၀ ၅၈၀ ၂၁၃၃
  • ၁၅၊ ၁၆ စက်တင်ဘာတွင် ၀ါရှင်တန် ဒီစီ၊ ဆက်သွယ်ရန် ကိုယဉ်ထွေး၊ ကိုဇော်ဇော် ၂၀၂ ၃၇၅ ၃၃၉၀
  • ၂၂၊ ၂၃ စက်တင်ဘာ၊ မြောက်ကယ်ရိုလိုင်းနားပြည်နယ်၊ ဆက်သွယ်ရန် - ကိုအောင်သန်း ၉၁၉ ၂၄၀ ၉၃၈၃
  • ၂၉၊ ၃၀ စက်တင်ဘာ၊ အိုရီဂွန်ပြည်နယ်၊ ဆီယယ်တဲမြို့၊ ကိုဇေယျာကျော် ၂၀၆ ၈၅၀ ၃၈၁၈

  •             လက်ရှိတွင် တရားပွဲစဉ်များကို ဆန်ဖရန်ဘေးဧရိယာရှိ ဓမ္မမိတ်ဆွေများဖြစ်သော ကိုရန်အောင် ( 510-610-9758) ကိုမောင်မောင်သိန်း ( 415-680-8806) သို့ ဆက်သွယ်ပြီး စီစဉ်နိုင်ပါတယ်။ ဆရာတော်က နိုဝင်ဘာ လဆန်း ပထမပတ်မှာ မြန်မာပြည်သို့ ပြန်လည်ကြွမည် ဖြစ်ပါတယ်။ http://shwenyawa.blogspot.com သို့ သွားရောက်ပြီး ဆရာတော့်တရားမှတ်တမ်းများ လှုပ်ရှားမှုများကို ဖတ်ရှုနိုင်ပါတယ်။

    ပီနိုး၊ ကေတုမတီဓမ္မာရုံ၊ ၀ါဆိုသင်္ကန်းကပ်လှူပွဲ တရားဟောပြောချက်




    ပီနိုး၊ ကေတုမတီဓမ္မာရုံ၊ ၀ါဆိုသင်္ကန်းကပ်လှူပွဲ တရားဟောပြောချက် (သာသနာနဲ့ ဒါယကာ)
    မိုးမခရုပ်သံ၊ သြဂုတ် ၅၊ ၂၀၁၂

    ၈လေးလုံး ၂၄နှစ် ဘားမားဒေး အလံတင်အခမ်းအနား၊ ဘာကလေမြို့၊ ဆန်ဖရန်ဘေးဧရိယာ



    ၈လေးလုံး ၂၄နှစ် ဘားမားဒေး အလံတင်အခမ်းအနား၊ ဘာကလေမြို့၊ ဆန်ဖရန်ဘေးဧရိယာ
    ရွှေည၀ါဆရာတော် တက်ရောက်ပြီး သြ၀ါဒစကားပြောကြား
    မိုးမခရုပ်သံ၊ သြဂုတ် ၉ ၊ ၂၀၁၂

    Sunday, August 5, 2012

    ရွှေည၀ါဆရာတော်၏ ၈၈-၂၄နှစ်ပြည့် ဥက္ကလံမြို့တွင် ဟောကြားသည့် “ ပေဖူးလွှာ” တရား ရုပ်သံ



    မိုးမခရုပ်သံ၊ သြဂုတ် ၆၊ ၂၀၁၂         
       သြဂုတ် ၄၊ စနေနနေ့က ဥက္ကလံမြန်မာမိသားစုများ စုဝေးပြုလုပ်တဲ့ ၈၈ အရေးတော်ပုံ ၂၄ နှစ်ပြည့် အထိမ်းအမှတ် ဆွမ်းကျွေးတရားနာ အခမ်းအနားမှာ ရွှေည၀ါဆရာတော်ဘုရား၏ “ပေဖူးလွှာ” တရားဟောပြောချက် အပြည့်အစုံကို ရုပ်သံအဖြစ် တင်ဆက်ပေးလိုက်ပါတယ်။ ကိုကျော်နိုင်ရဲ့ ရိုက်ကူးပေးချက်ဖြစ်ပါတယ်။

    12th August 2012, Sunday - Fremont's Centerville - Dhamma Talk


     ဆန်ဖရန်ဘေးဧရိယာရောက် ရွှေည၀ါဆရာတော်တရားပွဲ ဖိတ်ကြားစာ
    မိုးမခရွာဆော်ကြီး၊ သြဂုတ် ၆၊ ၂၀၁၂
    လာမယ့် သြဂုတ်လ ၁၂ ရက် တနင်္ဂနွေနေ့ ဖရီးမောင့်မြို့၊ စင်တာဗီးလ် ကွန်မြူနီတီစင်တာမှာ ညနေ ၃ နာရီက ၆ နာရီအထိ ရွှေည၀ါဆရာတော် ဦးပညာသီဟ၏ တရားပွဲ “လူသာသေ၊ နံမယ်မသေစေနဲ့” ကျင်းပမှာဖြစ်လို့ အားလုံးကို ဖိတ်ကြားလိုက်ပါတယ်။ ဆရာတော်ကြီးရဲ့ ထေရုပ္ဗတ္တိကိုလည်း ပူးတွဲဖော်ပြလိုက်ပါတယ်။
    တရားပွဲမှာ ဓမ္မမိတ်ဆွေများအားလုံးကို အဟာရဒါနလှူဒါန်းမှာ ဖြစ်တယ်လို့ သိရပါတယ်။ (Design - Ko Win Hlaing)


    Thursday, August 2, 2012

    Oakland Burmese Community to host 88-24 year


    ဆန်ဖရန်ဘေးဧရိယာ၊  ဥက္ကလံမြို့မှာ ၈လေးလုံး ငွေရတုကြို ၈လေးလုံးအခမ်းအနားကျင်းပမည်
    မိုးမခရွာဆော်ကြီး၊ သြဂုတ် ၂၊ ၂၀၁၂
    လာမယ့်စနေ သြဂုတ်လ ၄ ရက်၊ ဥက္ကလံမြို့ ဓမ္မဧရိပ်ကျောင်းတိုက်မှာ ကျင်းပမည်ဖြစ်ကြောင်း ဖိတ်စာပို့ထားပါတယ်။  အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ ရွှေည၀ါဆရာတော်ကို ဖိတ်ကြားပြီး ဆွမ်းကပ် တရားနာပြုလုပ်ကြမယ်လို့လည်း သိရပါတယ်။