Saturday, July 28, 2012

ရွှေည၀ါဆရာတော် အရှင်ပညာသီဟ ဥက္ကလံ ဓမ္မဧရိပ်တွင် ပထမဦးဆုံးတရားပွဲ ကျင်းပမည်

မိုးမခရွာဆော်ကြီး၊ ဇူလိုင် ၂၈၊ ၂၀၁၂
အမေရိကန်ခရီးစဉ်၏ ပထမဦးဆုံး တရားပွဲအဖြစ် ဆန်ဖရန်ဘေးဧရိယာ ဥက္ကလံမြို့ ဓမ္မဧရိပ်ကျောင်းတိုက်တွင် ဇူလိုင် ၂၉ ၊ ၂၀၁၂၊ တနင်္ဂနွေနေ့၊ ညနေ ၆ နာရီမှ ၉  နာရီအထိ ကျင်းပမည်ဖြစ်၍ ရပ်နီး ရပ်ဝေးက ဓမ္မမိတ်ဆွေများကို ဖိတ်ကြားလိုက်ပါတယ်။
 ဥက္ကလံကျောင်းမှာ ဇူလိုင် ၂၇ က ယဉ်ကျေးလိမ္မာသင်တန်းတွင် တွေ့ရသော ဆရာတော့်၏ ရုပ်သံ

Friday, July 27, 2012

ရွှေည၀ါဆရာတော် အရှင်ပညာသီဟ ဆန်ဖရန်ဘေးသို့ ချောမောစွာရောက်ရှိ

 
မိုးမခဓာတ်ပုံသတင်း၊ ဇူလိုင် ၂၇၊ ၂၀၁၂
အမေရိကန်ပြည်ထောင်စုသို့ သာသနာပြုခရီးကြွချီလာသည့် ရွှေည၀ါဆရာတော်ကြီး ဦးပညာသီဟသည် ယမန်နေ့ ဇူလိုင် ၂၅ ညဖက်က ဆန်ဖရန်လေဆိပ်သို့ ရောက်ရှိသည်။ ဇူလိုင်လ ၂၆ ညနေခင်းက ဘေးဧရိယာရှိ ဓမ္မမိတ်ဆွေများနှင့် ပီနိုးမြို့၊ ကေတုမတီဓမ္မာရုံတွင် လက်ခံတွေ့ဆုံသည်။

 မြို့ခံများက မြို့နယ်များအလိုက် တရားပွဲများ ကျင်းပရန်စီစဉ်လျက်ရှိရာ လာမည့် ဇူလိုင် ၂၉  ရက်တွင် ဥက္ကလံမြို့ ဓမ္မဧရိပ်ကျောင်းတွင် ယဉ်ကျေးလိမ္မာသင်တန်းစခန်းသိမ်းနေ့ တရားပွဲ ကျင်းပပေးရန် ခွင့်ပြုထားသည်ဟု သိရသည်။ ၎င်းနောက် ဖရီးမောင့်မြို့နယ်နှင့် ဒေလီးစီးတီးမြို့နယ်တို့တွင်လည်း တရားပွဲများ ကျင်းပရန် ပြင်ဆင်လျက်ရှိသည်ဟု ဆိုသည်။

Thursday, July 26, 2012

ဇူလိုင် ၂၅ ညနေခင်း ရွှေည၀ါဆရာတော်ကြီး အမေရိကန်ဆန်ဖရန်လေဆိပ်သို့ ရောက်

ကိုမိုးကျော်(နီဝါစိမ်း)၊ ဓာတ်ပုံသတင်း၊ ဇူလိုင် ၂၇၊ ၂၀၁၂
လာရောက်ကြိုဆိုသော မြန်မာအရေး နိုးကြားလှုပ်ရှားသူများနှင့်အတူ ဆရာတော်ကြီးနှင့် ဧည့်ဆရာတော်တပါးကို တွေ့ရစဉ်။ ဥက္ကလံမြို့၊ ဓမ္မဧရိပ်ကျောင်းတိုက်က ဦးအရိယာစာရကလည်း ကြွရောက်ကြိုဆိုခဲ့သည်။
လက်ရှိတွင် ဇူလိုင် ၂၉ ရက်အထိ ဆန်ဖရန်ဘေးအရှေ့ခြမ်း၊ ပီနိုးမြို့ရှိ အာဂန္ဓုများအတွက် တည်ထားသည့် ဓမ္မာရုံတွင် ခေတ္တသီတင်းသုံးမည် ဖြစ်သည်။ ၎င်းနောက်မှ ဥက္ကလံမြို့ ဓမ္မဧရိပ် နွေရာသီကလေးသင်တန်းများ အပြီး ပြောင်းရွှေ့မည်။

Wednesday, July 25, 2012

ရွှေည၀ါဆရာတော် အရှင်ပညာသီဟ အမေရိကန်ပြည်ထောင်စုသို့ ထွက်ခွာ

ဓာတ်ပုံသတင်း၊ ဒီငြိမ်းလင်းဖေ့စ်ဘွတ်၊ ဇူလိုင် ၂၆၊ ၂၀၁၂
ယမန်နေ့ နေ့ခင်းက အမေရိကန်ပြည်ထောင်စုတွင် ၃ လတာ သာသနပြုခရီး လှည့်လည်ရန် ရွှေည၀ါဆရာတော် အရှင်ပညာသီဟ စတင်ထွက်ခွာစဉ်မှာ မြန်မာ့အရေး နိုးကြားလှုပ်ရှားသူများ၊ ၈၈ မျိုးဆက်များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းနဲ့ မိသားစုများ၊ ရဟန်းသံဃာတော်များက ၀ိုင်းဝန်း ပို့ဆောင်နှုတ်ဆက်ကြတာကို တွေ့ရပါတယ်။
ဆရာတော်ဘုရားကြီးကို ၂၀၁၁ ခုနှစ်အတွင်းမှာ သူမူလသီတင်းသုံး သာသနာပြုတဲ့ သာဓုကျောင်း၊ ဗုဒ္ဓတက္ကသိုလ်မှ အာဏာပိုင်များနဲ့ သံဃာ့မဟာနယကများက ဖယ်ရှားဖို့ ကြိုးစားခဲ့ပြီး ၂၀၁၂ ဖေဖော်ဝါရီမှ ဆရာတော်က သာဓုကျောင်းတိုက်က ထွက်ခွာပြီး ပြောင်းရွှေ့သီတင်းသုံးခဲ့ပါတယ်။ ယခု ပထမဦးဆုံးအကြိမ် အမေရိကန်ပြည်ထောင်စုကို ရောက်ရှိမှာ ဖြစ်ပါတယ်။ အမေရိကန်အချိန် ဇူလိုင် ၂၅၊ ညဖက်ပိုင်း ဆန်ဖရန်ဘေးဧရိယာသို့ ရောက်ရှိမှာ ဖြစ်ပါတယ်။
 
http://www.scribd.com/doc/75745723/Brief-bio-of-Shwe-Nya-Wah-Sayadaw-and-dispel-order ( ဆရာတော်ဘ၀ဖြစ်စဉ် အကျဉ်း)